Thursday, June 6, 2013
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှာ ရိုဟင်ဂျာနဲ့ မြန်မာ လုံထိန်း ရဲတွေကြား ပဋိပက္ခဖြစ်ပွားခဲ့ရာက လုံထိန်းရဲတွေရဲ့ ပစ် ခတ် မှုကြောင့် ရို ဟင်ဂျာ အမျိုး သမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပဋိပက္ခကြောင့် လူ ၄ဦးလည်းဒဏ်ရာရရှိခဲ့ပြီးတော့ အဲဒီထဲမှာအမျိုးသမီးနှစ်ပါ ၀င်တယ်လို့ သိရပါတယ် ။ မြောက်ဦး မြို့နယ်ရှိ ပုရိန်ဒုက္ခသည်စခန်းမှာ အ ခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး လုံထိန်းရဲတွေက အာဏာ ပိုင်တွေ စီစဉ်ပေးထားတဲ့ နေရာသစ်ကိုပြောင်းရွှေ့ဖို့ ပြောဆိုတာကို ရိုဟင်ဂျာတွေက ငြင်းဆိုကြရာက ပဋိပက္ခစတင်တာလို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီကျေးရွာကနေ ထွက်ခွာရင် သူတို့ရဲ့ ခြံမြေတွေ ဆုံးရှုံးမှာကို စိုးရိမ်တဲ့အတွက် မသွားလိုကြတာဖြစ်ပြီး ရဲတွေက ခြိမ်းခြောက်တဲ့ အနေနဲ့ သေနတ် ပစ်ဖောက်ရာက သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာလို့ ဒေသခံရဲအရာရှိ မောင်မောင်မြက အေအက်ဖ်ပီကို ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရအရာရှိတစ်ယောက်ကတော့ ရွှေ့ပြောင်းရေးမလုပ်လိုတဲ့ လူတွေက လုံထိန်းရဲတွေကို တိုက်ခိုက်ကြတဲ့အတွက် ရဲတွေက ပြန်လည်ပစ်ခတ်ခဲ့ကြတာလို့ ပြောပြကြောင်းလည်း ဖော်ပြထားပါတယ်။
ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေက မိုးရာသီကာလအတွင်း လက်ရှိနေထိုင်နေကြတဲ့ ယာယီဒုက္ခသည် စခန်း ဟာ နေစရာမသင့်တော်တဲ့အတွက် သင့်တော်တဲ့ နေရာထိုင်ခင်းတွေ ချပေးဖို့ မြန်မာ အစိုးရ ကို တောင်း ဆိုခဲ့ဖူးပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဧပြီလထုတ် အစီရင်ခံစာမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ အတွင်း အစိုးရလုံခြုံရေးတပ်တွေပါဝင်နေပြီး မွတ်စလင်လူမျိုးတွေကို လူမျိုးတုန်း သတ်ဖြတ်နေတာလို့ စွပ်စွဲထားပါတယ်။ သူတို့အနေနဲ့ လူအစုလိုက် အပြုံလိုက် မြေမြုပ်သဂြိုလ်ခံထားရတဲ့ နေရာတွေ တွေ့ခဲ့ရပြီး ပဋိပက္ခဖြစ်ပေါ်ပြီးနောက် လူပေါင်း တစ်သိန်းကျော် နေရာရွှေ့ပြောင်းခဲ့ရတဲ့အတွက် ထိခိုက်နစ်နာ မှုတွေ ဖြစ်နေကြရတယ်လို့ ပြောပါတယ်။
ဒီစွပ်စွဲချက်ကို မြန်မာအစိုးရက ပယ်ချခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့နဲ့ အနီးပတ်ဝန်းကျင် အပြင် ရှမ်းပြည်နယ်မှာလည်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အ တွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာအစိုးရအပေါ် အကောင်းမြင် မှုတွေ လျော့ကျနေတယ် လို့လည်း သိရပါတယ်။
ABC Radio Australia

No comments:
Post a Comment