Thursday, June 06, 2013

အိန္ဒိယနဲ့ သြစတြေးလျတို့ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ သဘောတူ

Thursday, June 6, 2013
အိန္ဒိယကာကွယ်ရေးဝန်ကြီးကသြစတြေးလျနိုင်ငံကို ပထမဆုံး အကြိမ်လာရောက်လည် ပတ်နေတဲ့ အ တွက် သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဆက် ဆံရေး တိုးလာတယ်လို့ သုံးသပ်နေကြပါတယ်။ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ် (ယာ)ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ သြစတြေးလျနဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး A K Antony တို့က စစ်ရေးဆိုင်ရာ ပူးပေါင်းမှု ပိုမိုလုပ်ဖို့ သဘောတူခဲ့ကြပြီး လာမဲ့နှစ်မှာ ပူးပေါင်းစစ်ရေးလေ့ကျင့်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေးတပ်ဟာ ဘယ်နိုင်ငံနဲ့ စစ်ရေးမဟာမိတ် ဖွဲ့မယ်ဆိုတာကို သတိနဲ့ ဆောင် ရွက် လေ့ရှိတဲ့ နိုင်ငံ ဖြစ်တယ်လို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးရဲ့ သြစတြေးလျခရီးစဉ်အတွင်း အဓိက ရလဒ်က နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ပြုလုပ်မယ့် သဘောတူညီချက်ဖြစ်ပြီး ဒါကို ကြည့်ခြင်း အားဖြင့် နှစ်နိုင်ငံ လုံးက အမှန်တကယ် မဟာဗျူဟာကျတဲ့ ပူးပေါင်းမှု လုပ်လိုတာ သိသာတယ်လို့ ပညာရှင်တွေက သုံး သပ်ကြ ပါတယ်။

ABC Radio Australia

No comments: