Sunday, June 30, 2013

ကမ္ဘာ့ ပထမဆုံး မော်တာဆိုင်ကယ်

Sunday, 30 June 2013


ယနေ့ ခေတ်ပေါ်ထွက်ခဲ့တဲ့ နည်းပညာအသုံးပြု ပစ္စည်းတွေဟာ ဟိုးအရင်ထွက်ရှိခဲ့တဲ့ နည်းပညာအသုံးပြုတဲ့ ပစ္စည်းတွေကို မှီငြမ်းပြီးမှ ပေါ်ထွက်လာခဲ့တာပါ။

ဒီလို ထွက်ပေါ်ခဲ့တဲ့ အထဲမှာ ကျွန်တော်တို့ တွေ ရဲ့ စီးတော်ယာဉ်တွေလည်း အပါအ၀င်ဖြစ်ပါတယ်။ အခုလည်း ကမ္ဘာ့ ပထမဦးဆုံး အသုံးပြုလို့ ရတဲ့ ဆိုင်ကယ်ကို ဖော်ပြပေးလိုက်တာပါ။

ဒီဆိုင်ကယ်ကို ၁၈၈၅ ခုနှစ်မှာ ဂျာမန် တီထွင်သူ Gottlieb Daimler နဲ့ Wilhelm Maybach ဆိုသူ နှစ်ဦးက သူတို့ ရဲ့ အခန်းထဲမှာ တီထွင်ခဲ့တာဖြစ်ပါတယ်။

ပထမဦးဆုံး တီထွင်ခဲ့တုန်းကတော့ ဒီ ဆိုင်ကယ်ကို (“riding car") လို့  အမည် ပေးခဲ့ကြပါတယ်။


(ကောင်းဇေယံ)
Guide Magazine

No comments: