Sunday, 30 June 2013
ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းပြင်ဦးလွင်ဒေသခံ များထံမှသိရသည်။
ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီးနေမင်းဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တွင်ကပ်ထားသည့် ဗုံးမှ ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊ပေါက်ကွဲ မှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦးထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာမရှိအောင် စုတ်ပျက်သွားကြောင်းမျက်မြင်တွေ့ရှိသူများက ပြောသည်။
"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။ထိခိုက်သူတွေကို လူနာတင်ကားနဲ့ခေါ် သွားတာတွေ့တယ်။ ဗုံးက ဆိုင်ကယ်မှာကပ်ထားပုံရတယ်။ တခြားထိခိုက်တာတော့မတွေ့ဘူး။ တပ်ကြပ်ကြီး ကနောက်စေ့ကိုထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြောသည်။
Popular Myanmar News Journal

No comments:
Post a Comment