Sunday, June 16, 2013

အီးယူမှ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက် ပထမဆုံး ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲ စတင်၊ တရုတ်ကုန်သည် အများဆုံး တက်ရောက်နေ

Sunday, 16 June 2013
အီးယူမှ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် အကြိမ် (၅၀ )မြောက် ရွှေရတု ကျောက်မျက်ရတနာပြပွဲကို နေပြ ည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဇွန် ၁၅ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပြပွဲသို့ တရုတ်ကုန်သည်များ အများဆုံး တက်ရောက်ခဲ့ကာအခြားအရှေ့တောင်အာရှ နိုင် ငံများမှ ကုန်သည်များ၊ ဥရောပ နိုင်ငံများမှ ကုန် သည်များနှင့် ပြည်တွင်းကုန်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယခု ကျင်းပသည့် အကြိမ် (၅၀)မြောက် ရွှေရတု မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်းတွဲ ခင်းကျင်းပြသမည့် ကုမ္ပဏီပေါင်း ၉၁၁ ခု ပါဝင်ပြီး ကျောက်စိမ်း၊ ကျောက်မျက်အတွက် ပြည်ပလုပ်ငန်းရှင် ၄၀၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

ကျောက်မျက်ရတနာ ပြပွဲတွင် ပြသရောင်းချမည့် ကျောက်စိမ်းတွဲပေါင်း ၁၀၀၀၀ ကျော်နှင့် ကျောက်မျက်အ တွဲပေါင်း ၃၀၀၀၊ ပုလဲအတွဲပေါင်း ၂၅၅ တွဲ ပြသရောင်းချ သွားမည်ဟု စာရင်းရရှိထားပြီး လေလံစနစ်ဖြင့် ၃၄၆ တွဲနှင့် တင်ဒါစနစ်နဲ့ ၉၆၅၇ တွဲ ပြသရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ပြပွဲသို့ ၀င်ခွင့်ကို ပြည်တွင်းသတင်းထောက် တစ်ဦးလျှင် ၀င်ကြေး ကျပ် ၆၀၀၀၀ ဖြစ် ပြီး နိုင် ငံခြားသား သတင်းထောက် တစ်ဦးလျှင် ဒေါ်လာ ၁၀၀ ဖြစ်ကြောင်း ကျောက်မျက်ရတနာပြပွဲ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

(၄၉) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကျောက်မျက်တွဲပေါင်း ယူရို ၂ ဒသမ ၃ သန်း၊ ပုလဲတွဲပေါင်း ယူရို ၂၂၀,၀၀၀၊ ကျောက်စိမ်းတွဲ ၉၇၆၂ တွဲ ယူရို ၅၂၀ ကျော် ရောင်းချခဲ့ရကြောင်း သတင်းရရှိသည်။

eleven media group

No comments: