Sunday, June 16, 2013

မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၁၆၇ ဦး ပြန်လည်ရောက်ရှိလာ၊ အသက်အန္တရာယ် စိုးရိမ်ရ၍ အများစုက မလေးရှားသို့ ပြန်မသွားလိုကြ

Sunday, 16 June 2013
မလေးရှားနိုင်ငံ ဆလာရန်း ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခများကြောင့် မြန်မာ အလုပ်သမား ၁၆၇ ဦး ဇွန် ၁၅ ရက် နေ့လည် ၂ နာရီခန့်တွင် MAI လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လ ည်ရောက်ရှိလာကြောင်း သိရသည်။ ပြန် လည်ေ ရာက်ရှိ လာသူများကို ၎င်းတို့၏ မိသားစုဝင် များ၊ ဆွေမျိုးများမှ လာရောက်ကြိုဆိုခဲ့ကြပြီး ပြန် လည်ရောက်ရှိလာသည့် အလုပ်သမား အများစုမှာ မလေးရှားနိုင်ငံရှိ ပဋိပက္ခ အခြေအနေများကြောင့် အသက်အန္တရာယ် စိုးရိမ်ရ၍ မလေးရှားသို့ ပြန် ၍မသွားလိုတော့ကြောင်း ပြောကြားခဲ့ကြသည်။ ယခု မလေးရှားနိုင်ငံမှ ပြန်လည်ရောက် ရှိလာသောမြန်မာ အလုပ်သမားတွင် မလေးရှား၌ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိသူဦးရေ အနည်းငယ်သာ ပါဝင်ပြီး တရားမ၀င် အလုပ်လုပ်ကိုင်သူ ၈၀ ကျော်ခန့် ပါဝင်သည်ဟု သိရသည်။

"ကျွန်တော်တို့ နေတဲ့နေရာမှာတော့ မဖြစ်ဘူး။ ကျွန်တော်တို့နဲ့ နည်းနည်းဝေးတဲ့ နေရာ မှာတော့ ပြဿ နာလေးတွေ နည်းနည်းဖြစ်တယ်။ ဒီပြဿနာကို လက်တွေ့တော့ မတွေ့ခဲ့ဘူး။ ကြားတဲ့ကိစ္စတွေ ရှိနေတဲ့အတွက် တိမ်းရှောင်ခဲ့ရ တာမျိုးတွေလည်း ရှိပါတယ်။ ဓားနဲ့လိုက်ခုတ်တာတွေ ရှိတယ်။ မြန် မာတွေပဲ အထိများပါတယ်။ ကျွန်တော် အလုပ်လုပ်ဟာ လေးနှစ်လောက် ရှိပါပြီ။ အခု ပြန်ဖို့ကိုလည်း သူဌေးက လုပ်ပေးတာပါ။ မလေးရှား ဆိုရင်တော့ နဂိုလို ခေတ်မကောင်းတော့တဲ့အတွက် ပြန်မ သွားတော့ပါဘူး" ဟု မလေးရှားနိုင်ငံမှ ပြန်ရောက်လာသည့် အလုပ်သမားတစ်ဦးဖြစ်သူ ဟင်္သာတမှ ကိုလှမျိုးထွန်းက ပြောကြားခဲ့သည်။



"ကျွန်တော်တို့နေတဲ့ အလန်မှာတော့ ပဋိပက္ခတွေ မဖြစ်ပါဘူး။ ကျွန်တော်က ဗီနိုင်းထုတ်တဲ့ နေရာမှာ လုပ်ရတာပါ။ မလေးရှားမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ကိုယ့်အသက်ကို စိုးရိမ်လို့ ပြန်လာတာ ဖြစ်ပါတယ်။ ခွင့်လည်း တစ်လရလို့ပါ။ ဟိုကိုထပ်ပြီး ပြန်သွားလုပ်ဖို့တော့ အခြေအနေပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ် သွားမှာပါ" ဟု မလေးရှားတွင် ခြောက်နှစ်ကြာ အလုပ်လုပ်ကိုင်ပြီး ပြန်လာသူ ကိုတင်မောင်ဆန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြောကြားခဲ့သည်။

ယခုပြန်လည် ရောက်ရှိလာသည့် အလုပ်သမားများတွင်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြန်လာသူ များပြားပြီး အစိုးရ၏ အစီအစဉ်ဖြင့် ပြန်လာသူများလည်း ပါဝင်ကြောင်း သိရသည်။

မလေးရှားမှ ပြန်ရောက်ရောက်ရှိလာသည့် မြန်မာအလုပ်သမား တစ်ဦးဖြစ်သူ မအေးအေးနွယ်ကလည်း "မလေးရှားမှာဖြစ်တဲ့ သတင်းတွေကြောင့် ကိုယ့်လူမျိုးတွေအတွက် စိတ်မကောင်းဘူး။ ကိုယ်ကိုယ်တိုင် လည်း ကြောက်မိတယ်။ ဒါကြောင့် ခွင့်တစ်လယူပြီး ပြန်လာတာပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် လက် မှတ်ဝယ်ပြီး ပြန်လာတာပါ။ အစ်မရဲ့ အလုပ်သမားသက်တမ်းက ခြောက်လခုနစ်လလောက် ကျန်သေး တယ်။ ဒါပေမဲ့ အခြေအနေ ကြည့်ဦးမယ်။ ဟိုမှာ အခြေအနေ မကောင်းရင်တော့ ပြန်မ သွားတော့ဘူး။ အခုဖြစ်တာ ဆလာရန်းဘက်မှာဆိုတော့ ကျွန်မတို့နဲ့ နည်းနည်းလောက် ဝေးတယ်" ဟု ပြောပြခဲ့သည်။

လက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများမှာ လမ်းပေါ်သို့ မထွက်ရဲသလောက်ပင် ဖြစ်နေ ပြီး မြန်မာသံရုံးသို့ ဆက်သွယ်ဖို့ပင် ကြောက်နေရကြောင်း၊ နိုင်ငံကူး လက်မှတ်များအား အလုပ် ရှင်မှသိမ်းဆည်းထားခြင်းကြောင့် သံရုံးသို့သွားလျှင် အထောက်အထား မရှိ၍ ဖမ်းဆီးမည်ကို စိုးရိမ် ရသောကြောင့် လမ်းပေါ်သို့ မထွက်ရဲခြင်းဖြစ်ကြောင်း မလေးရှားမှပြန်ရောက်လာသည့် အလုပ်သမား များထံမှ သိရသည်။

"အိမ်ကအဖေ၊ အမေတွေက အရမ်းစိုးရိမ်နေလို့ ကျွန်တော်ပြန်လာတာပါ။ အခု ပဋိပက္ခဖြစ်တဲ့ နေရာနဲ့ နည်းနည်းတော့ ဝေးပါတယ်။ အခုဆို မလေးရှားမှာ မြန်မာလူမျိုးတွေ လမ်းကို သိပ်မထွက်ရဲတော့ဘူး။ အရင်ကဆို ဘယ်နေရာသွားသွား မြန်မာတွေကို မြင်ရသေးတယ်။ပြန်သွားဖို့ကို ကျွန်တော်မစဉ်း စားတော့ ဘူး။ ဟိုမှာ သံချည်သံကွေးလုပ်ငန်းမှာ လုပ်တယ်။ အခု မြန်မာပြည်မှာ အလုပ်မရှိလည်း ကိုယ် တတ်ကျွမ်းတဲ့ သံလုပ်ငန်းပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုသွားမယ်။ MAI က စီစဉ်တာနဲ့ ပြန်လာတာ မဟုတ်ပါဘူး။ အိမ်ကအဖေအမေတွေပေးတဲ့ ပိုက်ဆံနဲ့ ပြန်လာတာပါ။ အကူအညီရတဲ့ သူတွေလည်း ရှိပါတယ်။ လေယာဉ်လက်မှတ် သွားဝယ်တာတောင် စိုးရိမ်စိတ်နဲ့ သွားဝယ်တာပါ" ဟု တနင်္သာရီတိုင်းမှ ကိုအောင်မျိုးသိုက်က ပြောကြားသည်။

ယခုပြန်လည် ရောက်ရှိလာသော အလုပ်သမားများတွင် ယခင်မလေးရှားသို့ တရားမ၀င် ရောက်ရှိလာသူ များကို ဖမ်းဆီးထားရာမှ ယခုပြန်လည် လွှတ်ပေးခဲ့ခြင်းကြောင့် ပြန်ရောက်လာသူများလည်း ပါဝင်ကြောင်း သိရသည်။

"ဦးရဲ့ညီကို လာကြိုတာပါ။ မလေးရှားမှာ ညီအရင်းနှစ်ယောက် ရှိတယ်။ သူတို့အတွက် စိုးရိမ်လို့ ပြန် လာဖို့ ပြောလိုက်တယ်။ မိဝေးဖဝေးနဲ့ အလုပ်သွားလုပ်ရတာပါ။ အရင်တုန်းကတော့ မလေးရှားဆိုတာ လုပ်ငန်းအကိုင်ကောင်းတွေ ရှိတဲ့နေရာပေါ့။ အခုတော့ အန္တရာယ်တွေနဲ့ပြည့်တဲ့နေရာ ဖြစ်သွားပြီလေ။ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် အဆင်ပြေလိမ့်မယ်ထင်ပြီး သွားပြီးလုပ်ကိုင် စားသောက်ကြ တာပေါ့။ အခုပြဿနာတွေက တက်လာပြီဆိုတော့ သူတို့အတွက် လုံခြုံမှုက မရှိတော့ဘူး။ ဘယ်တော့သေ မ လဲ စိုးရိမ်နေရတော့ ပြန်ခေါ်မှ ရတော့မယ်ထင်ပြီး ပြန်ခေါ်ခဲ့တယ်။ သူတို့က လည်း ပြန်လာ ချင်တယ်။ အခုတော့ တစ်ယောက်ပဲ ပြန်လာနိုင်သေးတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဘယ်တော့ပြန်လာမလဲ မပြောနိုင်သေးဘူး။ ဦးရဲ့ညီတွေကို မလေးမှာနောက်ထပ် အလုပ်သွားလုပ်ဖို့ဆို တည်ငြိမ်မှု မရှိတဲ့ ဒီလိုနေရာမျိုးကို လုံးဝမလွှတ်တော့ဘူး။ သူတို့က ပြန်သွားချင်တယ်ဆိုတောင် လုံးဝပြန်မလွှတ်တော့ဘူး။ ဒီမှာပဲ ဖြစ်သလို လုပ်ကိုင်စားသောက် ခိုင်းတော့မယ်" ဟု ပဲခူးတိုင်းဒေသကြီးမှ ဦးအောင်ချိန် က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အလုပ်သမားများအား တက္ကစီယာဉ်များ စုပေါင်းလှူဒါန်းမှုဖြင့် လေဆိပ်တွင် အချိုရည်များ ဝေငှခဲ့ပြီးလေဆိပ်မှ မြို့တွင်းသို့ ပြန်ချင်သူများအ တွက် ရွှေလွန်းပျံ ခရီးသည်တင် ပို့ဆောင်ရေးမှ အငှားကားအစီးရေဖြင့် အခမဲ့ လိုက်လံပို့ဆောင် ပေး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်ရောက်ရှိလာသူ အလုပ်သမားများတွင် နယ်ပြန်ချင်သူများအား Asia Wings လေကြောင်း မှ ပြေးဆွဲနေသည့် လေယာဉ်များတွင် အခမဲ့ စီးနင်းလိုက်ပါခွင့် ပြုမည်ဖြစ်ပြီး ၎င်းတို့လေကြောင်းလိုင်း ပျံသန်းခြင်း မရှိသည့် ခရီးစဉ်များအတွက် အဝေးပြေး ကားလက်မှတ်များ စီစဉ်ပေးရန်ရှိကြောင်းနှင့် အဲပုဂံ လေကြောင်းလိုင်းမှလည်း ၎င်းတို့ ပျံသန်းနေသည့် ခရီးစဉ်ဒေသများတွင် အခမဲ့ စီးနင်းလိုက်ပါ ခွင့် ပြုမည်ဟု သိရသည်။

eleven media group

No comments: