Friday, June 14, 2013

ကမ္ဘာ့ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး အားကစားကွင်း

Thursday, June 13, 2013
ထိုင်ဝမ်နိုင်ငံ Kaohsiung မှာရှိတဲ့ နဂါး အားက စားကွင်း (Dragon Stadium) ဟာ ကမ္ဘာ့ ပထမ ဆုံး နေရောင်ခြည် စွမ်းအင်သုံး အားကစားကွင်းကြီး
ဖြစ်ပါတယ်။ ဂျပန် ဗိသုကာပညာရှင် Toyo က ဒီ ဇိုင်းရေးဆွဲပြီး solar ပြား 8844 ခုကို အသုံးပြုထား ကာ အားကစားကွင်းမှာ အသုံးပြုတဲ့ မီးလုံး 3300 နဲ့ ရုပ်မြင်သံကြား screen အကြီးစား နှစ်ခုတို့ အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင် ပမာဏထက်ကို ပိုပြီး ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်နှစ်ကို ကီလို ဝပ် နာရီပေါင်း 1.14 သန်း ထုတ်လုပ်ပေးပြီး အဲ့ဒီလောက် ပမာဏ ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ် လာမယ့် ကာဘွန်ဒိုင် အောက်ဆိုဒ် 660 တန်ကို လျှော့ချ ပေးနိုင်ပါတယ်။

ဒီအားကစား ကွင်းဟာ 19 ဟက်တာ (190000 စတုရန်းမီတာ) ကျယ်ဝန်းပြီး ထိုင်ခုံနေရာ 55000 ပါရှိတယ်လို့ သိရပါတယ်။

Ref: greenpacks.org
နှိုင်းရင့်နွေ

No comments: