Friday, June 14, 2013

မိတ္တူပွားဆိုင်းဘုတ်နှင့် ဘဏ္ဍာနှစ်လွန် ဆိုင်းဘုတ် ၅၀၀ ခန့်ကို ဖျက် သိမ်းမည်

Friday, 14 June 2013
မိတ္တူပွားစိုက်ထူ သည့် ကြော်ငြာဆိုင်း ဘုတ်နှင့် ယခင်ဘဏ္ဍာနှစ်ကျန် ရှိသည့် ကြော်ငြာဆိုင်းဘုတ် အပါအဝင် ကြော်ငြာ ဆိုင်းဘုတ် ၆၀၀ကျော်ကို ယခုနှစ်တွင် အပြီးဖျက်သိမ်းမည် ဖြစ်ကြောင်း ရန် ကုန်မြို့တော် စည် ပင်သာယာရေးကော် မ တီ (Y.C.D.C) ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ မိ တ္တူ ပွားစိုက်ထူခဲ့သည့် ကြော်ငြာ ဆိုင်းဘုတ် ၁၅၀၀ နီးပါးကို ယခုနှစ်တွင်း ဖြုတ်သိမ်းခဲ့ပြီး ကျန်ရှိသော ခွင့်ပြုမဲ့ စိုက်ထူထားသည့် မိတ္တူပွားဆိုင်းဘုတ် များနှင့် ယခင်ဘဏ္ဍာရေးနှစ်တွင် စိုက်ထူခဲ့ သည့် သက်တမ်းကုန် ကြော်ငြာဆိုင်းဘုတ်များ အပါအဝင် ကြော်ငြာ ဆိုင်းဘုတ် ၆၀၀ ကျော်အနက် ၁၀၀ကျော်ကိုသာ ဖြုတ်သိမ်းပြီး ဖြုတ်သိမ်းရန် ကျန်ရှိသော ကြော်ငြာ ဆိုင်းဘုတ် များကို မိုးကာလတွင်လည်း ပုံမှန်ဖြုတ်သိမ်းသွားမည် ဖြစ်ကြောင်း ၄င်းထံမှ သိရှိရသည်။

စီးပွားရေး ကြော်ငြာလောကကို လူနည်းစု ချုပ်ကိုင်မှု မရှိစေရန်၊ ဆိုင်းဘုတ် လုပ်ငန်းများနှင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော အခြေခံလူတန်းစားများ အဆင်ပြေစေရန် ရည်ရွယ်ကာ ဆိုင်းဘုတ် များ ပြန် လည် နေရာချထားခြင်းနှင့် ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း Y.C.D.C စီမံရေးရာဌာနမှူး ဦးလင်း ထွန်းမြင့်က ဇွန်လ ၄ ရက်နေ့ထုတ် ကော်မတီပိုင် သတင်းစာတွင် ပြောကြားခဲ့သည်။



ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းကြောင့် ကြော်ငြာအပ်နှံသူ လုပ်ငန်းရှင် များနှင့် ကြော်ငြာ လက်ခံ ဆောင် ရွက် ပေးသည့် ကုမ္ပဏီများတွင် ထိခိုက်နစ်နာမှုများ ရှိကြောင်း၊ ဆိုင်းဘုတ် များ ဖြုတ် သိမ်းခြင်းထက် ဆိုင်းဘုတ်များအတွက် အခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းနှင့် စည်းကမ်း ဖောက်ဖျက် သူကိုသာ အရေးယူ စေလိုကြောင်း ရန်ကုန်မြို့တော်နှင့် အခြားမြို့များတွင် ကြော်ငြာလုပ်ငန်း လုပ်ကိုင် သူတစ်ဦးက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ကြော်ငြာဆိုင်းဘုတ် များကို အလျားပေ ၁၅၊ အနံပေ ၄၅ အရွယ်အစား၊ အလျား ၁၉ပေ၊ အနံပေ ၂၀ နှင့် အလျား ၁၃ ပေ x အနံ ၃၃ ပေ တို့ကိုသာ ခွင့်ပြုမည်ဖြစ်ပြီး ဆိုင်းဘုတ်စိုက်ထူခွင့်ကို Y.C.D.C ၏ စည်းကမ်းချက်များနှင့် အညီ စိုက်ထူရမည် ဖြစ်ကြောင်း ယင်းကော်မ တီထံမှ သိရှိရသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူ စီးပွားရေး လုပ်ငန်းရှင်များကို ဆိုင်းဘုတ်ပေါင်း ၆၁၂ ခု ချထားပေးခဲ့ကြောင်း၊ ၂၀၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ကြော်ငြာဆိုင်းဘုတ် စိုက်ထူရန် ၂၀၉ ဦးလျှောက်ထားခဲ့ပြီး ကြော်ငြာ ဆိုင်းဘုတ် ၄၁၅ ခုနှင့် ယာယီဆိုင်းဘုတ် ၁၅၀ အပါအဝင် ကြော်ငြာဆိုင်းဘုတ် ၅၅၀ ကို ချထားပေးပြီးဖြစ်ကြောင်း ယင်း ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိ
ရသည်။

The Voice Weekly

No comments: