Wednesday, June 26, 2013

အာဆီယံဒေသတွင်း စည်းဝေးပွဲကို မြောက်ကိုးရီးယား တက်ရောက်ဖို့ရှိ

Wednesday, 26 June 2013


အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံတွေက ကျင်းပပြုလုပ်မယ့် ဒေသတွင်းဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးကို မြောက်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး Pak Ui Chun လည်း တက်ရောက်ဖို့ရှိတယ်လို့ အာဆီယံဒေသတွင်းဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးက ဆိုပါတယ်။

ဇူလိုင်လ ၂ရက်နေ့ကျရင် Brunei နိုင်ငံမှာ စတင်ကျင်းပမယ့် အာဆီယံ နိုင်ငံများ အစည်းအဝေး ကိုတက်ရောက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး Pak Ui Chun က Brunei နိုင်ငံမှာ လေးရက်တာ နေသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အစည်းအဝေးအတွင်းမှာ ဖက်ပေါင်းစုံက လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိတဲ့အတွက် ကိုးရီးယား ကျွန်းဆွယ်က လုံခြုံရေးကိစ္စတွေကို Pak Ui Chun နဲ့ တိုက်ရိုက် ပြောဆိုဆွေးနွေးနိုင်တဲ့ အခွင့်လမ်း တခု ဖြစ်တယ်လို့ ပြောပါတယ်။

အာဆီယံအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက် မူကြမ်းထဲမှာ မျက်နှာစုံညီ အစည်းအဝေးအတွင်း ၂၇ နိုင်ငံက နိုင်ငံကြားရေး ၀န်ကြီးတွေက ကိုးရီးယား ကျွန်းဆွယ်မှာဖြစ်နေတဲ့ တင်းမှာမှုတွေနဲ့ ပတ်သက်ပြီး ဆိုးရိမ်နေကြတဲ့ အကြောင်းတွေကို တင်ပြဆွေးနွေး သွားကြဖို့ရှိတယ်လို့ ဆိုပါတယ်။

မြောက်ကိုးရီးယားကိုလည်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ အညီ လုပ်ဆောင်သွားဖို့နဲ့ ၂၀၀၅ ခုနှစ်က ပူးတွဲကြေညာချက်အတိုင်း ခြောက်ပွင့်ဆိုင် ဆွေးနွေးမှုကို လုပ်ဆောင်သွားဖို့ အစည်းအဝေး တက်ရောက်တဲ့ သူတွေက မြောက်ကိုးရီးယားကို တိုက်တွန်းထားတယ်လို့လည်း အာဆီယံအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက် မူကြမ်းထဲမှာ ဖော်ပြထားပါတယ်။

အာဆီယံနိုင်ငံ ဒေသတွင်းဆိုင်ရာ မျက်နှာစုံညီအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများထဲမှာ အာဆီယံ ၁၀နိုင်ငံ အပြင် တချို့ပါဝင်တဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ ကနေဒါ၊ နညူးဇီလန်၊ ဥရောပ သမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ရုရှား၊ ဂျပန်နဲ့ မြောက်ကိုးရီးယား နိုင်ငံတို့ပါဝင်ကြပါတယ်။

ABC Radio Australia

No comments: