Wednesday, June 26, 2013

Edward Snowden မော်စကို လေဆိပ်မှာ ရှိဆဲလို့ ရုရှားပြော


Wednesday, 26 June 2013

အမေရိကန်နိုင်ငံ ​အမျိုးသားလုံခြုံရေး ​အေဂျင်စီ ​အမူထမ်းဟောင်း ​Edward ​Snowden ​ဟာ ​မော်စကိုမြို့ ​လေယာဉ်ကွင်းရှိ ​Transit ​လေယာဉ်ပြောင်းဖို့ ​တထောက်နားတဲ့နေရာမှာ ​ရှိနေတုန်းပဲလို့ ​ရုရှားနိုင်ငံ သမ္မတက ​အတည်ပြု ​ပြောဆိုလိုက်ပါတယ်။

Edward ​Snowden ​အနေနဲ့ ​ရုရှားနိုင်ငံကနေ ​ထွက်ခွာလိုရင် ​လွှတ်လပ်စွာ ​ထွက်ခွာခွင့်ရှိပြီး ​ရုရှားနိုင်ငံ ကနေ ​အမြန်ဆုံး ​ထွက်ခွာသင့်တယ်လို့လည်း ​ရုရှားသမ္မတက ​ပြောလိုက်ပါတယ်။


Edward ​Snowden ​ရုရှားနိုင်ငံမှာ ​ခေတ္တရှိနေတာဟာ ​ရုရှားနဲ့ ​အမေရိကန်နိုင်ငံရဲ့ ​ဆက်ဆံရေးကို ​မထိ ခိုက်လောက်ဘူးလို့ ​မျော်လင့်ကြောင်းလည်း ​ရုရှားနိုင်ငံသမ္မတ ​Vladimir ​Putin ​က ​ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ​ဂျွန်ကယ်ရီကတော့ ​ရုရှားနိုင်ငံအနေနဲ့ ​Edward ​Snowden ​ကို ​အမေရိကန်လက်ထဲ ​လွဲအပ်ပေးသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။

ရုရှားအစိုးရကတော့ ​Edward ​Snowden ​ရဲ့ ​ခရီးစဉ်နဲ့ ​ပတ်သက်ပြီး ​ဝင်ရောက်ပတ်သက်မှုမလုပ်လို
ကြောင်း၊ ​Snowden ​နဲ့ ​ရုရှားကြားမှာလည်း ​ဘာမှဆက်စပ်မှု ​မရှိသလို၊ ​အမေရိကန်နိုင်ငံရဲ့ ​တရားရေး ဆိုင်ရာတွေမှာလည်း ​မပတ်သက်လို ​ဘူးလို့ ​ရုရှားနိုင်ငံ ​နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောပါတယ်။

Edward ​Snowden ​က ​ဒီကခရီးစဉ်ကို ​သူကိုယ်တိုင်ရွေးချယ်ပြီး ​ရုရှားမှာ ​ရောက်နေတယ်ဆိုတာကို ​ရုရှားအစိုးရက ​မီဒီယာက ​တဆင့်သာ ​သိရတဲ့အကြောင်း၊ ​သူ့အနေနဲ့ ​ရုရှားနိုင်ငံ ​နယ်နမိတ်ကျော်လွန်တာ
မဟုတ်ပဲ ​နိုင်ငံတကာနဲ့ဆိုင်တဲ့ ​လေယာဉ်ကွင်းက ​Transit  ​လေယာဉ်ပြောင်းတဲ့ ​နေရာမှာသာ ​ရှိနေတာလို့ ​ပြောပါတယ်။

ဒီလိုအခြေအနေမှာ ​ရုရှားက ​Edward ​Snowden ​ကို ​ကာကွယ်မှုပေးတယ်လို့ ​အမေရိကန်နိုင်ငံက ​စွပ်စွဲ တာဟာ ​အခြေအမြစ်မရှိဘူးလို့လည်း ပြောလိုက်ပါတယ်။

Edward ​Snowden ​ဟာ ​ရုရှားနိုင်ငံ ​မတိုင်ခင် ​ဟောင်ကောင်မှာ ​ရှိနေခဲ့ပြီး ​ဟောင်ကောင်အာဏာပိုင်တွေ ဟာလည်း ​Snowden ​ကို ​ကူညီပေးခဲ့တယ်ဆိုတဲ့ ​အမေရိကန်ရဲ့ ​စွပ်စွဲမှုကို ​ခံနေရပါတယ်။

အမေရိကန်နိုင်ငံ ​အမျိုးသားလုံခြုံရေးအေဂျင်စီက ​စက်မှုပိုင်းဆိုင်ရာ ​ဝန်ထမ်းဟောင်း ​Edward ​Snowden ​ဟာ ​အမေရိကန်အစိုးရရဲ့ ​လျို့ဝှက်ချက်တွေကို ​ဖော်ကောင်လုပ်တဲ့အတွက် ​အမေရိကန် ​အစိုးရက ရာဇာဝတ် သားအဖြစ် ​အသည်းအသန် ​လိုလားနေတာဖြစ်ပါတယ်။

Edward ​Snoden ​က ​ရုရှားနိုင်ငံကနေတဆင့် ​ကျူးဘားနိုင်ငံကို ​သွားပြီး ​အီကွေဒေါနဲ့ ​အိုင်စလန်နိုင်ငံလို ​နိုင်ငံမျိုးမှာ ​ခိုလှုံခွင့်တောင်းနိုင်တယ်လို့ ​သတင်းတွေထွက်ပေါ်နေပါတယ်။

ABC Radio Australia

No comments: