Tuesday, June 11, 2013

နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ၌ ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲ များမှ ရလဒ်များအား ကဏ္ဍ ၁၃ ခုဖြင့် ဆွေးနွေး

Tuesday, 11 June 2013
မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အထောက် အကူပြုစေမည့် နိုင်ငံလုံး ဆိုင်ရာ ပညာရေး ညီလာခံအား ပြည်နယ်နှင့် တိုင်းဒေ သကြီးများအလိုက်ဒေသဆိုင်ရာ ပညာရေးဆွေးနွေး ပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များမှ ယင်းပ ညာရေး ညီလာခံတွင် ကဏ္ဍ(၁၃)ခုဖြင့် ထည့် သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင် ငံလုံးဆိုင်ရာ ပညာရေး ညီလာခံကို ရန်ကုန်၊ မျက် မမြင်ကျောင်း (ခ၀ဲခြံ)၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၁၃ ခုနှစ်၊ ဇွန် ၈ ရက်မှ ၉ ရက်အထိနှစ်ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၎င်းညီလာခံတွင် ကလေး သူငယ်များ ရှေးဦးသင် ပညာရေး၊ မသင်မနေရ အခြေခံပညာရေး (မူလတန်းမှ အလယ်တန်း)၊ အခြေခံအထက်တန်း ပညာရေး၊ အဆင့်မြင့် ပညာရေး၊ကျောင်းပြင်ပ ပညာရေး၊ ပုဂ္ဂလိက ကျောင်းနှင့် ပုဂ္ဂလိက တက္ကသိုလ်များ၊ ဘုန်းတော်ကြီးသင်ကျောင်း ပညာရေး၊ ဘာသာရေး အသင်းအဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် အခမဲ့ပညာ ဒါန ကျောင်းများ၊ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ၊ ပညာရေး အထူးလိုအပ်ချက်၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး၊ စစ်ပြေးဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးဟူသည့် ကဏ္ဍ(၁၃)ရပ်အား ဆွေးနွေးခဲ့သည်။

''မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အထောက်အကူ ပြုစေဖို့အတွက် ဒီညီ လာခံကို ကျင်းပရတာပါ။ ညီလာခံမှာ ပညာရေး အဆင့်မြင့်မားဖို့အတွက် အဓိက လိုအပ်ချက်တွေကို ကဏ္ဍ ၁၃ ရပ်ခွဲပြီး ဆွေးနွေး ပါတယ်။ဒီဆွေးနွေးပွဲ ရလဒ်တွေ ကို ပြည်သူ့လွှတ်တော် အမျိုးသားပ ညာရေး မြှင့်တင်မှုကော်မတီသို့ တင်သွင်းသွားမှာ ဖြစ်ပါတယ်'' ဟု ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ အဖွဲ့ဝင် ဒေါ်ဟောင်စိုင်းက ဆိုသည်။



နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ မကျင်းပမီ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲများအား ပဲခူး၊ မန္တလေး၊ မုံရွေး၊ ပခုက္ကူ၊ ထားဝယ်၊ မြစ်ကြီးနား၊ တာချီလိတ်၊ တောင်ကုတ်၊ လားရှိုး၊ ဘားအံ၊ မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ပေါင်းတည်၊ တောင်ကြီး၊ ဟင်္သာတ၊ ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ၊ကော့သောင်း၊ လွိုင်ကော်၊ မုံရွာနှင့် ကလေး စသည်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းညီလာခံသို့ ပညာရေးအဖွဲ့ အစည်းများ ၊ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ခရစ် ယာန် ဓမ္မတက္ကသိုလ်များ၊ မူဆလင်ဘာသာဝင်ကျောင်း ဆရာများ၊ ကျောင်းသားသမဂ္ဂများ၊ ပညာဒါ နကျောင်းများ၊ပုဂ္ဂလိကကျောင်းများ၊ လူငယ်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပညာရေး ပြုပြင်ပြောင်း လဲရေး အတွက် စိတ်ဝင်စားသော တစ်သီးပုဂ္ဂလများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အသီး သီး တက်ရောက် ဆွေးနွေးခဲ့ကြသည်။

eleven media group

No comments: