Thursday, June 27, 2013

မန္တလေးမြို့တွင် တန်ဖိုးနည်း CDMA-800 MHz ကျပ် ၁၅၀၀ တန်ဆင်းကတ် ဖုန်းဈေးကွက်တွင် နံပါတ်ပေါ်မူတည်ပြီး ကျပ်လေးသိန်း နီးပါးအထိ ဈေးရှိ

Thursday, 27 June 2013


မန္တလေးမြို့တွင် တန်ဖိုးနည်း CDMA-800 MHz ကျပ် ၁၅၀၀ တန်ဆင်းကတ် ဖုန်းဈေးကွက်တွင် နံပါတ်ပေါ် မူတည်ပြီး ကျပ်လေးသိန်း နီးပါးအထိ ဈေးရှိကြောင်း စုံစမ်းသိရှိရပါသည်။

"အခု ဖုန်းဈေးကွက်မှာ တန်ဖိုးနည်း ဆင်းကတ်က ဖုန်းဘေလ်ထည့်ပြီး နံပါတ်ပေါ် မူတည်ကာ ကျပ် ရှစ်သောင်း ငါးထောင်ကနေ ကျပ်သုံးသိန်း ခုနစ်သောင်းအထိ ဈေးပေါက်တယ်။ သုံးသိန်းကျော်တွေက နောက်ဂဏန်း အပူးတွေနဲ့ အလှဂဏန်းတွေပါ။ ၀ယ်တာများတာက ကျပ်ရှစ်သောင်း ငါးထောင်တန် ၀ယ်တာများပါတယ်" ဟု ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးကပြောကြားသည်။

ယခုလက်ရှိ တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် ဆင်းကတ်ဈေးကွက်တွင် ဖုန်းဆိုင်အချို့မှ အမည်ပေါက်၊ လိပ်စာ ပေါက် ရရှိအောင် ပြုလုပ်ပေးနိုင်ပြီး နံပါတ်ပေါ် မူတည်၍ ဈေးအမျိုးမျိုး ရှိကြောင်းလည်း သိရှိရသည်။

"လာရောင်းရင် အခုတတိယအကြိမ် ချပေးတဲ့ဆင်းကတ် ကတ်မချိုးသေးရင် ကျပ်ခြောက်သောင်းခွဲအထိ ပေးပါတယ်။ ကတ်ချိုးပြီးသားတွေဆိုရင် ကျပ်ငါးသောင်းပဲ ပေးပါတယ်။ နံပါတ် အပူးဂဏန်းတွေဆိုရင် နံပါတ်ပေါ် မူတည်ပြီး သိန်းဂဏန်းအထိ ပေးပါတယ်" ဟု ဆိုင်ပိုင်ရှင်က ဆက်လက်ရှင်းပြသည်။

"နိုင်ငံတော်ကနေ ပြည်သူတွေ သက်သာတဲ့နှုန်းထားနဲ့ ဈေးတွေရောင်းပေးနေတဲ့ အချိန်မှာ ပြင်ပဈေးကွက် မှာ ဒီလိုဈေးတွေ မဖြစ်သင့်ပါဘူး"ဟု နယ်မှအလုပ်လာလုပ်သူ အကြောပြင် ဆရာတစ်ဦးကပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း ရောင်းချမှုမှာ ပထမ အကြိမ် ၆၅၀၀၀ ကတ်၊ ဒုတိယအကြိမ် ၆၉၄၀၅ ကတ်၊ တတိယအကြိမ် ၇၀၇၉၅ ကတ် ရောင်းချခဲ့ကြောင်း သိရသည်။

eleven media group

No comments: