Thursday, June 27, 2013

ထိုင်းလေကြောင်း NOK AIR MINI စက်တင်ဘာ ၁ ရက်တွင် မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပျံသန်းနိုင်ရေး စီစဉ်မှုများ ပြုလုပ်

Thursday, 27 June 2013


စက်တင်ဘာ ၁ ရက် ထိုင်းလေကြောင်း NOK AIR MINI လိုင်း မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပျံသန်း နိုင်ရေးအတွက် စီစဉ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့တဲ့အပတ်က မော်လမြိုင်ကိုရောက်ပြီး၊ လေယာဉ်ရုံးအတွက် နေရာရွေးပါတယ်၊၀န်ထမ်းတွေလည်း ရွေးပြီး သင်တန်းတက်ခိုင်း ထားပါတယ်။ ဇူလိုင်၊ သြဂုတ်လောက်မှာရုံးဖွင့်ဖြစ်မယ်။ လေယာဉ်လက်မှတ် ဈေးနှုန်းကတော့ဒေါ်လာ(၆၀) ပါပဲ။ မော်လမြိုင်က ခရီးသွားမည့် သူတွေရဲ့ ပတ်စပို့၊ ဗီဇာကတော့ ကိုယ်တိုင် လုပ်ရပါမယ်။ ဒီလို မလုပ်ချင်ရင် မော်လမြိုင်က တိုရစ်စင် အေးဂျင်တွေနဲ့ တိုင်ပင်ပြီး လုပ်နိုင်ပါတယ်။ မော်လမြိုင်မှာ တိုးရစ်စင် လုပ်ငန်းတွေစဖို့ စိုင်းပြင်းနေကြပါပြီ" ဟု ဦးဌေးနိုင် (NOK AIR MINI ဒေသခံ ကိုယ်စားလှယ်) က ဇွန် ၂၆ ရက်က ပြောကြားခဲ့သည်။

 "မော်လမြိုင် လေယာဉ်ကွင်းကိုလည်း မူလအရှည် ပေ ၅၄၀၀ ကနေ ပေ ၂၁၀၀ ထပ်တိုးဖို့ မိုးကုန်ရင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများဖြစ်သည့်မြေညှိမြေဖို့ခြင်း၊ ခြံစည်းရိုး ခတ်ခြင်းတို့ကို ဆောင်ရွက်ရန် ရှိကြောင်းလေယာဉ်ကွင်းမှူး ဦးစိုးပိုင်ကဆိုသည်။ စက်တင်ဘာ ၁ ရက်တွင် ပြေးဆွဲမည့် ထိုင်းလေကြောင်း လိုင်းအတွက်၊ လေဆိပ်တွင် အိပ်စရေး ရှာဖွေရေး ကိရိယာကို ဇူလိုင်လအတွင်း တပ်ဆင်ရန်ရှိပြီး၊ ကွင်းရုံး အတွင်း ၀င်ထွက်မှုများကိုလည်း ပြင်ဆင်မှုများ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

eleven media group

No comments: