Thursday, June 27, 2013

“Confederations Cup ဖိုင်နယ်သို့ ဘရာဇီးလ် တက်ရောက်”


Thursday, 27 June 2013


ဇွန်လ ၂၇ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော FIFA Confederations Cup 2013 ဆီးမီး ဖိုင်နယ်ပွဲစဉ်တွင် ဘရာဇီးလ်က ဥရုဂွေးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်သွားသည်။ ဘရာဇီးလ်အတွက် အဖွင့်ဂိုးကို ၄၂ မိနစ်တွင် ဖရက်ဒ်က သွင်းယူခဲ့ကာ ပထမပိုင်းအပြီးတွင် ၁-၀ ဂိုးဖြင့် ဘရာဇီးလ်က ဦးဆာင်ခဲ့သည်။


ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားရာ ၄၈ မိနစ်တွင် ဥရုဂွေးအတွက်ချေပဂိုးကို ကာဗာနီက သွင်းယူခဲ့ပြီး တစ်ဂိုးစီ သရေရလဒ်ဖြစ်ခဲ့သည်။ ဘရာဇီးလ်အတွက် အနိုင်ဂိုးကို ပွဲကစားချိန် ၈၆ မိနစ်တွင် ပေါလ်အင်ဟိုက သွင်းယူခဲ့သည်။

Planet Myanmar Network

No comments: