Thursday, June 27, 2013

အမေရိကန် ရေတပ်အတွက် ပထမဆုံးသော F-35C တိုက်လေယာဉ် Eglin လေတပ် အခြေစိုက် စခန်းသို့ ရောက်ရှိ


Thursday, 27 June 2013


လော့ခ်ဟိဒ်မာတင် ကုမ္ပဏီမှ အမေရိကန် ရေတပ်အတွက် ပထမဆုံးသောF-35C တိုက်လေယာဉ်အား ထုတ်လုပ်ပေးခဲ့ပြီး အဆိုပါ တိုက်လေယာဉ်သည် ဖလော်ရီဒါ ပြည်နယ် Eglin လေတပ်အခြေစိုက်စခန်းရှိ အမှတ်(၁ဝ၁) တိုက်ခိုက်ရေး လေယာဉ်အုပ်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ဇွန် ၂၆ ရက်တွင် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။



အဆိုပါ တိုက်လေယာဉ်သည် အမေရိကန် ရေတပ်အတွက် F-35Cလေယာဉ် အမျိုးအစား ပဉ္စမမျိုးဆက်
်ဖြစ်ကြောင်း သိရသည်။

ထိုတိုက်လေယာဉ်သည် လက်နက် တပ်ဆင်မှု စံနှုန်းအသစ်များဖြင့် တည်ဆောက် ထားခြင်းဖြစ်ပြီး လေယာဉ်ထိန်းသိမ်းရန် လွယ်ကူမှု၊ တိုက်ခိုက်မှု စွမ်းရည်ပြည့်ဝမှုနှင့် အမျိုးစုံသော စစ်ဆင်ရေးများအတွက် သယ်ဆောင်မှုများလည်း ပြုလုပ်နိုင်ကြောင်း လော့ခ် ဟိဒ်မာတင်ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ လော်ရိန်းမာတင် က ပြောကြားခဲ့သည်။

မြ၀တီ

No comments: