Wednesday, June 26, 2013

June 25 မှစတင်ကြေငြာလိုက်တဲ့ Sony Xperia Z Ultra


Wednesday, June 26, 2013
 အသစ်ထွက်ရှိလာဖို့ရှိတဲ့ Galaxy Note 3 နှင့်ဈေးကွက်ချင်း ယှဉ်ပြိုင်ဖို့ အတွက် မကြာခင်ထုတ်လုပ် ဖြန့်ချိတော့မှာပါ၊

မျက်နှာပြင်အကျုယ် ၆.၄ လက်မ Full HD Resoulution 1080x1920 နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ယခင်ထွက်ရှိပြီးဖြစ်တဲ့ Huawei Ascend ထက်တောင်မျက်နှာပြင်ကြီးမှာဖြစ်တဲ့အတွက် အကြီးဆုံး စမတ်ဖုန်းတစ်လုံးလို့တောင် ဆိုလို့ရမည့်အပြင် အထူ၆.၅ မီလီမီတာ သာရှိတဲ့အတွက် ကမ္ဘာ့အပါးဆုံး စမတ်ဖုန်းတစ်လုံးအဖြစ်သတ်မှတ်လို့ ရပါတယ်၊


ထို့အပြင် Qualcomm's powerful Snapdragon 800,2GB RAMရှိပြီး Processor ကတော့  Quad core, 2200 MHz, Krait 400 ရှိပါတယ်၊ဘတ္ထရီတာရှည်ခံဖို့အတွက် large 3,000mAh battery ကို အသုံးပြုထားပါတယ်၊

Android Version 4.2 Jelly Bean နဲ့ထွက်ရှိလာမှာဖြစ်ပြီး ရှေ့ကင်မရာ 2 megapixels နှင့် နောက် ကင်မရာ 8 megapixels ရှိပါတယ်၊internal memory 16GB ဖြစ်ပြီး 64GB အထိထပ်တိုး အသုံးပြု နိုင်ကြောင်းသိရပါတယ်၊

ုRef:phonearena
Khun Nay(stuff myanmar)

No comments: