Wednesday, June 26, 2013

ကျဆုံး စစ်သည်များ အမှတ်တရ ကျောက်တိုင်၌ လွမ်းသူ့ ပန်းခွေချ


Wednesday, 26 June 2013
 





ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU ၏ ဖိတ်ကြားချက် အရ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊မော်စကို စစ်တိုင်းမှူး Major General Sclozenov မှ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနားကို ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ Poklonnaya Gora ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ အဖွဲ့ဝင် တပ်မတော် အရာရှိကြီးများ၊ ရုရှားနိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ယုနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီးနေဝင်းတို့ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံမှ Deputy Chief of General Staff, General Post-nikov(AM) နှင့် မော်စကို စစ်တိုင်းမှူး၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တပ်မတော် အရာရှိ ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် Poklonnaya Gora သို့ ရောက်ရှိရာ ရုရှားဖက် ဒရေးရှင်းနိုင်ငံ မော်စကို စစ်တိုင်းမှူးမှ ခရီးဦးကြို ဆို နှုတ်ဆက်ပြီး အခမ်းအနား အစီအစဉ် အကျဉ်းချုပ်အား ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အလေးပြုခံ စင်မြင့်သို့ သွားရောက် နေရာယူကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ ထိုအချိန်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ စစ်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများအား ဂုဏ်ပြု တီးမှုတ်သည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုပြီး ဂုဏ်ပြုတပ်ဖွဲ့မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ချီတက် အလေးပြုသည်။ ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျဆုံး စစ်သည်များ အမှတ်တရ ကျောက်တိုင်၌ လွမ်းသူ့ပန်းခွေ ချခဲ့ပြီး အထိမ်းအမှတ် ကျောက် တိုင်ရှေ့ ၌ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments: