Friday, June 28, 2013

Mandela ကျန်းမာရေး သက်သာလာလို့ဆို

Friday, June 28, 2013


တောင်အာဖရိကခေါင်းဆောင်ဟောင်း Nelson Mandela ရဲ့ အခြေအနေဟာ မနေ့က အတော်ကို စိုးရိမ် စရာကောင်းတဲ့ အခြေအနေအထိ ရောက်ပြီး အခု အခါမှာ အနည်းငယ် သက်သာလာ ပြီလို့ သိရပြီး အခြေ အနေကတော့ အသဲအသန်ဖြစ်နေပေမဲ့ တည်ငြိမ်နေတယ်လို့ သိရပါတယ်။

Nelson Mandela ဟာ အဖန်တလဲလဲ ပြန်ဖြစ်နေတဲ့ အဆုပ်ရောဂါ ဝေဒနာကို ဆေးရုံတင် ကုသနေတာ 

၃ ပတ်ကြာသွားပြီ ဖြစ်ပါတယ်။

Nelson Mandela ရဲ့ ကျန်းမာရေး အခြေအနေဟာ ဗုဒ္ဓဟူးနေ့ညက အတော်ကို စိုးရိမ်စရာအခြေအနေကို ရောက်ခဲ့ပြီး အခုအခါမှာ သက်သာလာတာဖြစ်ပါတယ်။

သူ့ကို ချစ်ခင်ကြည်ညိုလေးစားကြတဲ့ ပြည်သူ တွေကလည်း ဆေးရုံရှေ့မှာ စုဝေး ဘုရားဝတ်ပြု ဆုတောင်း ပွဲတွေ လုပ်ပြီး နိုင်ငံတော် တေးသီချင်းတွေကို သီဆိုခဲ့ကြပါတယ်။ တောင်အာဖရိက အစိုးရအာဏာပိုင်တွေ ကတော့ပြည်သူလူထုတွေကို လုပ်မြဲ အလုပ်အကိုင်တွေ ပြန်လုပ်နေပြီး ဆက်လက် ဆုတောင်းပေးကြဖို့ မှာကြားလိုက်ပါတယ်။

ABC Radio Australia

No comments: