Thursday, 27 June 2013
ဂျပန်နိုင်ငံက တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက် ပြဿနာကိစ္စနဲ့ပတ်သက်ပြီးဖိလစ်ပိုင်နိုင်ဖက်ကို ကူညီကာကွယ်ပေးသွားမယ်လို့ ကတိပေးပြောဆိုလိုက်ပါတယ်။
ဖိလိပိုင်နိုင်ငံက ကာကွယ်ရေးဌာနက ဂျပန်နိုင်ငံဖက်ကနေ စစ်ရေးအကူအညီကမ်းလှမ်းမှုကို ကြိုဆိုလက်ခံ လိုက်တယ်လို့လည်း သိရပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲက ရေပိုင်နက်ကို တရုတ်နိုင်ငံက သူတို့ရဲ့ပိုင်နက်အဖြစ်သတ်မှတ်ဖို့ ကြိုးစား နေတာနဲ့ပတ်သက်ပြီး ဂျပန်နဲ့ ဖိလိပိုင်နှစ်နိုင်ငံစလုံးက စိုးရိမ်နေကြတယ်လို့ နှစ်နိုင်ငံထိပ်တမ်း ကိုယ်စား လှယ်တွေ မနီလာမြို့မှာ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ABC Radio Australia

No comments:
Post a Comment