Sunday, June 16, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ငြိမ်းချမ်းရေး ၊ ဖက်ဒရယ်နှင့် မူးယစ်ဆေးဝါး ကိစ္စများ တွေ့ဆုံဆွေးနွေး

Sunday, 16 June 2013
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြ ည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီး ရွက်ဆစ်သည် ဇွန် ၁၅ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်း ၏နေအိမ်သို့ သွားရောက်တွေ့ဆုံကာ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် မူနှင့် မူးယစ်ဆေးဝါး ကိစ္စများ ကိုေ ဆွးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံမှုသည် မွန်း လွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်မှ ၁ နာရီခွဲခန့်အထိ နာရီဝက်ကျော်ခန့် ကြာမြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် RCSS/SSA နယ်မြေအတွင်း ဖြစ်ပျက်နေသည့် ပြဿနာများကို အမြဲသိရှိနိုင်ရန် NLD ပါတီနှင့် အမြဲအဆက်အသွယ် ပြုလုပ်စေလိုကြောင်း၊ အဆိုပါ ဒေသအတွင်းမှ ဖြစ်ပျက်နေသော ပြဿနာများ၊ လိုအပ်ချက်များကိုတစ်ဖက်တစ်လမ်းမှ လွှတ်တော်သို့ တင်ပြပေးရန်ဆန္ဒရှိပါကြောင်း ဆွေးနွေး ခဲ့သည် ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။

"မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ NLD ဗဟိုကော်မတီရဲ့တင်ပြချက်နဲ့ ကျွန်တော်တို့ တင်ပြချက်နဲ့ ထပ်တူထပ်မျှ တူညီနေတဲ့ အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားသွားတယ်။ ပြီးတော့ ဖက်ဒ ရယ်နဲ့ ပတ်သက်လို့ တိုင်းပြည်မှာ ဖက်ဒရယ်နိုင်ငံအဖြစ် မထူထောင်နိုင်ဘူးဆိုရင် တိုင်းပြည်ငြိမ်းချမ်းမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ဆွေးနွေးတယ်။ ဖက်ဒရယ် ပေါ်ထွက်ရေးကိုလည်း သူ့အနေနဲ့ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ပြောသွားတယ်။ ထို့အတူ တိုင်းရင်းသား တစ်ရပ်လုံးနဲ့လည်း ပူးပေါင်းဆောင် ရွက် သွားမယ်လို့ ပြောသွားတယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ တန်းတူညီတူရှိဖို့ လိုအပ်ပါတယ်။ တန်းတူညီတူ မရှိဘဲနဲ့ စည်းလုံးညီညွတ်မှု မရရှိပါဘူး။ စည်းလုံးညီညွတ်မှု မရှိရင် ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးကို မရနိုင်ပါဘူးလို့ ပြောခဲ့ပါတယ်" ဟု ဗိုလ်မှူးကြီးစိုင်း လှက ပြောကြားသည်။ဖက်ဒရယ်နဲ့ ပတ်သက်လို့ တိုင်းပြည်မှာ ဖက်ဒရယ်နိုင်ငံအဖြစ် မထူထောင်နိုင်ဘူး ဆိုရင် တိုင်းပြည်ငြိမ်းချမ်းမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ဆွေးနွေးတယ်။ ဖက်ဒရယ် ပေါ်ထွက်ရေး ကိုလည်း သူ့အနေနဲ့ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ပြောသွားတယ်။ . . . . .



ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ဇွန် ၁၀ ရက်က ရောက်ရှိပြီးသမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ကာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေး၊ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများလုပ်နိုင်ရန် နယ်မြေသတ်မှတ်ပေးရေး၊ မူးယစ်ဆေး ၀ါး တိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခဲ့ပြီး ညပိုင်းတွင် ရှမ်းလက်နက်ကိုင် အ ဖွဲ့ခေါင်းဆောင်များ၊ ရှမ်းပါတီ ခေါင်းဆောင်များနှင့် ညစာအတူ စားခဲ့သည်။

eleven media group

No comments: