Sunday, June 16, 2013

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံ ယခုနှစ်အတွင်း ထပ်မံတိုးချဲ့မည်

Sunday, 16 June 2013
မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန် လည်ဝင်ရောက် ခဲ့သည့် Coca-Cola စက်ရုံ ကို ယခုနှစ် အတွင်း ထပ်မံတိုးချဲ့ မည်ဖြစ်ကြောင်း Coca- Cola နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်နေ သည့် Pinya Manufacturing Co Ltd Comm ercial Director ဦးအောင်ဝင်းက ပြောကြားသည်။ "လက်ရှိစက်ရုံရဲ့ ကုန်ထုတ်လုပ်မှုလိုင်းက နည်းနေ တယ်။ ကုန်ပစ္စည်း တစ်မျိုးထုတ်ရင် တစ်မျိုးနား ထားရတယ်။ ဒါကြောင့် စက်ရုံကို တိုးချဲ့သွားမှာပါ။ လိုင်းဘယ်နှလိုင်း ချဲ့မယ်ဆိုတာတော့ ဆွေးနွေးနေ ဆဲ ဖြစ်ပါတယ်"ဟု ဦးအောင်ဝင်းက ရှင်းပြသည်။

နာမည်ကျော် အချိုရည် ထုတ်လုပ်သည့် အမေရိကန် ကုမ္ပဏီ Coca-Cola မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း နှစ်သောင်းကျော် ဖန်တီးပေးသွားမည် ဖြစ်ကြောင်း Coca-Cola၏ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု စတင်သည့် ဇွန် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Coca-Cola စက်ရုံဖွင့်လှစ်ခြင်းသည် Coca-Cola မှ မြန်မာနိုင်ငံတွင်နောက်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထဲမှ အစီအစဉ်တစ်ခုဖြစ်ပြီး နောက်ငါးနှစ်အတွင်း Coca-Colaနှင့် ဆက်နွှယ်သည့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၂၀၀၀ ကျော် ရှိလာမည်ဟု Coca-Cola က ခန့်မှန်းထားသည်။



Coca-Cola ၏ မြန်မာနိုင်ငံရှိ စက်ရုံမှ မြန်မာစာနှင့် ရိုက်နှိပ်ထားသော Coca-Cola နှင့် Sprite ပလတ် စတစ်ပုလင်း၊ ဖန်ပုလင်းနှင့် အလူမီနီယမ် သံဘူးတို့ကို ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်း ချနေပြီဖြစ်သည်။

Coca-Cola ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး သောက်သုံးကုန် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး Diet Coke, Fanta, Sprite, Coca-cola Zero, Vitaminwater, Powerade, Minute Maid, Simply, Georgia, Del Valle အစရှိသည့် ထုတ်ကုန်များ ထုတ်လုပ်ကြောင်း သိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် Coca-Cola သည် Sparkling သောက်ကုန်များ၊ အသင့်သောက် ကော်ဖီနှင့် အချိုရည်များကို ထုတ် လုပ်ကြောင်း သိရသည်။

ကိုကာကိုလာနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအချိုရည်လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်စဉ်အချိုရည်ပုလင်းနှင့်ဘူးထုတ်လုပ်ရောင်းချမှုပမာဏသန်းရာဂဏန်းရှိကြောင်း
အချိုရည်ဈေးကွက် အတွင်းမှ သိရသည်။

eleven media group

No comments: