Wednesday, June 05, 2013

ကမ္ဘာ့အသိဥာဏ်ပစ္စည်း မူပိုင်ခွင့် အဖွဲ့အစည်း WIPO နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ တီထွင်မှု မူပိုင်ခွင့် ဥပဒေမူကြမ်းအပေါ် ဆွေးနွေးခဲ့

Wednesday, June 5, 2013
ကမ္ဘာ့အသိဥာဏ်ပစ္စည်း မူပိုင်ခွင့် အဖွဲ့အစည်း WIPO နှင့် ပူးပေါင်း၍မြန်မာနိုင်ငံ တီထွင်မှု မူပိုင်ခွင့် ဥပဒေမူကြမ်းအပေါ် ၂၀၁၃ ခုနှစ် ဇွန် ၅ ရက်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် ဆွေးနွေးခဲ့ကြေ ကြာင်း သိရသည်။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က "ယှဉ် ပြိုင်မှုတွေ များလှတဲ့ခေတ်ထဲမှာ အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များဟာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကဖြစ်ပါတယ်။ အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ကာ ကွယ်ပေးနိုင်ဖို့ဟာ အလွန်ကို အရေးကြီးလာပါတယ်။ အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး များကို အကာအကွယ် ပေးခြင်းအားဖြင့် နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများ တိုးမြှင့်လာစေနိုင်ခြင်း၊ ထုတ်လုပ်သူများအကြား မျှတသော ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာစေနိုင်ခြင်း၊ စားသုံးသူများအား မှန် ကန်သော ရွေးချယ်မှုများ အကာအကွယ် ပေးနိုင်ခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ စီးဝင် လာခြင်းဖြင့် နည်းပညာ လွှဲပြောင်းမှုများ ရယူနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

"တီထွင်မှုတွေ ဖွံ့ဖြိုးလာမှသာလျှင် ပြည်သူတွေကို ဖြန့်ဝေပေးနိုင်ဖို့က အရေးကြီးပါတယ်။ တီထွင်သူတွေ ကို အဓိက အကာအကွယ်ပေးတာ မဟုတ်ဘဲ တီထွင်မှုနဲ့ဆိုင်တဲ့ နည်းပညာတွေကို တိုးတက်ဖို့ အတွက် ဖြစ်ပါတယ်။ သက်ဆိုင်တဲ့ မူပိုင်ခွင့်တွေဟာ တီထွင်မှု ပြုလုပ်တဲ့ သူတွေအတွက် နှစ်ပေါင်း ၂၀ မူပိုင် ခွင့် သက်တမ်းဆက်တိုက် ရမှာပါ။ နှစ် ၂၀ ကျော်သွားရင် မည်သူမဆို သုံးစွဲနိုင်ဖို့ ကျန်ရှိနေမှာပါ" ဟု ဒေါက်တာမိုးမိုးသွယ် ဒုတိယညွှန်ကြားရေးမှူးက ဆိုသည်။

မြန်မာနိုင်ငံ အသိဥာဏ်ပစ္စည်း မူပိုင်ခွင့် ဥပဒေများဖြစ်သော တီထွင်မှု မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေ၊ ကုန်အမှတ်တံဆိပ် ဥပဒေနှင့် မူပိုင်ခွင့် ဥပဒေများကို TRIPS Agreement နှင့် ကိုက် ညီစေရန် ရေးဆွဲခဲ့သော ဥပဒေမူကြမ်းများကို ကမ္ဘာ့အသိဥာဏ်ပစ္စည်း မူပိုင်ခွင့် အဖွဲ့ စည်းမှ IP ကျွမ်းကျင် ပညာရှင်များထံ ပေးပို့၍ အကြံပြုချက်များ ရယူခဲ့ကြောင်း သိရသည်။

ဦးသိန်းအောင် ဥပဒေ အကြံပေးက "WTO က ဆုံးဖြတ်ချက်ကို ဇူလိုင် ၁ ရက် မတိုင်မီ ထွက်ရမယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ နောက်ဆုံးအဆင့်လည်း ဖြစ်နိုင်တယ်။ ပြည်တွင်းမှာရှိတဲ့ တီထွင် သူတွေ ပြည်ပက ရင်းနှီးမြှပ်နှံမယ့် သူတွေအတွက် အတတ်ပညာတွေကို ဘယ်လိုကာ ကွယ် စောင့်ရှောက် ရမယ်ဆိုတာ အရေးကြီးပါတယ်။ အတတ်ပညာနဲ့ ပတ်သက်ပြီး ကာကွယ်တဲ့ ဥပဒေတွေက အရင်က ရှိပေမယ့် လည်း အရင်အစိုးရ လက်ထက်မှာ ဖျက်သိမ်းခဲ့ပါတယ်။ ဒီဥပဒေဟာ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ အတွက် အလွန်အရေးကြီးတဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။ ဒီဥပဒေကို အမြန်ဆုံး အကောင်အ ထည် ဖော်နိုင်ရင် အခုသွားနေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ တကယ်အရေးကြီးနိုင်ပါတယ်။ ဒီမူပိုင်ခွင့် ဥပဒေကို ရှေ့နေချုပ်ရုံးကတစ်ဆင့် လွှတ်တော်ကို တင်သွင်းပြီးရင် မကြာခင်မှာ ဒီဥပဒေ ပေါ်လာမှာပါ" ဟု ပြောကြားခဲ့သည်။

eleven media group

No comments: