Wednesday, June 05, 2013

မိတ္ထီလာသို့ NHK World သတင်းဌာနမှ သတင်းမှတ်တမ်း လာရောက်ရိုက်ကူး

Wednesday, June 5, 2013
ဇွန် ၃ ရက်က NHK World သတင်းဌာနမှ မိတ္ထီ လာမြို့သို့ လာရောက်ရိုက်ကူးခဲ့ပြီး ကယ်ဆယ်ရေး စခန်းများသို့ ၀င်ရောက်ရိုက်ကူးခွင့်တောင်းခဲ့သော် လည်း ခွင့်ပြုချက် မရခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အဖွဲ့သည် ဇွန် ၃ ရက်တွင် မိတ္ထီလာ သို့ ရောက်ရှိလာပြီး မတ် ၂၀ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်စီးခဲ့ရသော ရပ်ကွက်များသို့ သွားရောက်သတင်းမှတ်တမ်း ရိုက်ကူးခဲ့ကာ မိတ္ထီ လာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးနှင့် တွေ့ ဆုံမေးမြန်း ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ခရိုင်ရုံးမှာ ကယ်ဆယ်ရေး စခန်းတွေကို ၀င်ရောက် ရိုက်ကူးခွင့်ပြုဖို့ ခွင့်ပြုချက် တောင်းခဲ့ပါတယ်။ ကျန်ခဲ့တဲ့ လေးရက်လောက်က ခရိုင်အုပ်ချုပ်ရေးရုံးမှာ သွားစုံစမ်းတော့ တိုင်းဒေသကြီးကို ခွင့်ပြုချက် တောင်းပါဆိုလို့ မန္တလေးတိုင်း ဒေသကြီးကို ခွင့်ပြုချက် တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှအကြောင်းပြန်ကြားလာခြင်း မရှိလို့ ကယ်ဆယ်ရေး စခန်းတွေကို ၀င်ရောက် ရိုက်ကူးခွင့် မရခဲ့ပါဘူး။ အခုဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ကိစ္စက အင်မတန်ပဲ နူးညံ့သိမ်မွေ့ ပျော့ပျောင်းတဲ့ ကိစ္စဖြစ်တဲ့အတွက် အခြားလူတွေ သတင်းလာယူမှာကို အုပ်ချုပ်ရေးပိုင်း အနေနဲ့ စိုးရိမ်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ မီဒီယာ အလုပ်ဆိုတာကလည်း ဘာတွေဖြစ်နေသလဲဆိုတာ မျက်စိနဲ့ ကြည့် ပြီးတော့ သတင်းပြန်ရေး ရတာဖြစ်တော့ ကယ်ဆယ်ရေး စခန်းထဲကို ၀င်ခွင့်မရတဲ့အတွက် ၀မ်းနည်းရ ပါတယ်။ အခြားမြို့တွေ ဆက်သွားဖို့ မရှိပါဘူး။ နေပြည်တော်ကို ပြန်ပါမယ်" ဟု NHK World သတင်း ဌာနမှ တာဝန်ရှိသူ ဂျပန်နိုင်ငံသားက ပြောကြားသည်။

eleven media group

No comments: