Tuesday, 09 July 2013
ဇူုလိုင် ၉ ရက် (ယနေ့) တွင် App Store လွှင့်တင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် #Apple က #iPhone နှင့် #iPad #application များကို အခမဲ့ #download ရယူခွင့်ပေးလျက်ရှိသည်။ အခကြေးငွေ ဖြင့် download ရယူရသည့် ဂိမ်းအများစုပါဝင်သော application များကို App Store တွင် အခမဲ့ ရယူ နိုင်မည်ဖြစ်သည်။
Apple က အခမဲ့ download ရယူခွင့်ပေးလိုက်သည့် ဂိမ်း App အချို့မှာ #Infinity #Blade #II, #Tiny #Wings, #Badland နှင့် #Superbrothers: #Sword #and #Sworcery #EP တို့ဖြစ်ပြီး နာမည်ကြီး
DJ App တစ်ခုဖြစ်သည့် #Trator #DJ ကိုလည်း အခမဲ့ ရယူခွင့်ပေးထားသည်။
Traktor DJ မှာ ပုံမှန်အားဖြင့် Apple ၏ App Store တွင် ၁၉.၉၉ ဒေါ်လာ ပေးရသည့် Appတစ်ခုဖြစ်သည်။ ထို့အပြင်#Day #One, #Over, #Barefoot #World #Atlas အစရှိသည့် App များကိုလည်း အခမဲ့ ရယူနိုင် မည်ဖြစ်သည်။ Apple သည် App Store တွင် ပြီးခဲ့သည့် ၅ နှစ်အတွင်း App ပေါင်း ၈၅၀,၀၀၀ ကို ရေးဆွဲ လွှင့်တင်ခဲ့ကြသည့် ကမ္ဘာတစ်ဝန်းမှ #developer များအတွက် ဒေါ်လာ ၁၀ ဘီလျံကျော်ဝင်ငွေရစေခဲ့ ကြောင်း CNBC သတင်းက ဖော်ပြသည်။
App Store မှ တစ်လလျှင် application ၂ ဘီလျံခန့်ကို ကမ္ဘာတစ်ဝန်းရှိ Apple iOS အသုံးပြုသူများက download ရယူလေ့ရှိကြောင်း သိရသည်။ Apple ၏ App Store ကို ၂၀၀၈ ခုနှစ် ဇူလိုင် ၉ ရက်တွင် စတင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
Planet Myanmar Network

No comments:
Post a Comment