Tuesday, July 09, 2013

"အီဂျစ်သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲ ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ပြုလုပ်မည်"


Tuesday, 09 July 2013

အီဂျစ်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲတို့ကို လာမည့် ၂၀၁၄ ခုနှစ် အစောပိုင်း တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အီဂျစ်ကြားဖြတ်အစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်သည့် ရွေးကောက်ပွဲ
ဆိုင်ရာ ကြေညာချက်အရ သိရှိရသည်။


ရွေးကောက်ပွဲ ကြေညာချက်ကို ကြားဖြတ်အစိုးရခေါင်းဆောင် အက်ဒလီ မန်ဆာက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးအတွက် အစီအစဉ်ကိုလည်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ဆိုင်းငံ့ထားသော ဖြုတ်ချခံ သမ္မတမော်စီလက်ထက်က အတည်ပြုပြဋ္ဌန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်ကော်မတီနှစ်ရပ် ဖွဲ့စည်းရေးကိုလည်း မန်ဆာက အဆိုပြုလိုက်သည်။

အီဂျစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၅ လအတွင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပသွားမည်ဖြစ် ကြောင်း ကြားဖြတ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Planet Myanmar Network

No comments: