Monday, 08 July 2013
ၾသစေၾတးလ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကို ဇူလိုင်လ ၁၀ ရက်ကနေ ၁၂ ရက်နေ့ အထိ သွားရောက်လည်ပတ်မှာ ဖြစ်တဲ့အကြောင်း တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။
မြန်မာ နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီး ဦးသိန်းစိန်နဲ့ရော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ပါ တွေ့ဆုံဆွေးနွှေးဖို့ ရှိတဲ့အပြင် လူမှုအဖွဲ့အစည်းတွေ၊ စီးပွါးရေးကိုယ်စားလှယ်တွေ
နဲ့လဲ တွေ့ဆုံဖို့ ရှိပါတယ်။
အဲဒါအပြင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေ အကြောင်းတွေကိုပါ ဆွေနွေး ဖို့ ရှိတယ်လို့ သိရပါတယ်။
ကမ္ဘာပေါ်မှာ အဆင်း ရဲဆုံး အဆင့်မှာရှိ နေသေးတဲ့ မြန်မာ နိုင်ငံ အဖို့ ကျန်းမာရေး၊ ပညာရေး နဲ့ စီးပွါးရေး အထောက်အကူတွေ ပေးသွားဖို့ ရှိ တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဌါန က သတင်း ထုတ်ပြန် ကြေငြာချက်ထဲမှာ ပါရှိပါတယ်။
မြန်မာ နိုင်ငံမှာ မူလတန်းကျောင်းသား တဝက်လောက်ဟာ အခြေခံပညာရေး ကိုတောင် အပြီး မရတဲ့ အကြောင်း နှစ်စဉ် ကလေး အယောက်ပေါင်း ၇သောင်းလောက်အထိ ကာကွယ်နိုင်တဲ့ ရောဂါတွေကနေ
သေဆုံးရတဲ့အကြောင်း - ၂၀၁၅ ခုနှစ်မှာ သြစတြေးလျကနေ မြန်မာ နိုင်ငံကိုပေးတဲ့ ထောက်ပံ့ကြေး တွေဟာ ၂ ဆ တိုးသွားပြီး သန်း ၁၀၀ဖြစ်သွားမယ်ဆို တဲ့အကြောင်း - ထောက်ပံ့ကြေး တွေကို အဓိက အားဖြင့်ဝေးလံတဲ့ နယ်မြေဒေသတွေမှာ ပေးသွားမှာ ဖြစ်တဲ့အကြောင်းထုတ်ပြန်ထားပါတယ်။
သြစတြေးလျ နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ အိုးအိမ်မဲ့ ဖြစ်သွားသူတွေကို ပြန်လည် နေရာချထားရေး အတွက် အထောက်အပံ့ သြစတြေးလျ ဒေါ်လာ ၅.၈သန်းကို ကူညီပေးမယ်လို့လဲကြေငြာ ထားပါတယ်။
ထောက်ပံ့ကူညီမှု ထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာ World Food Program အဖွဲ့ ကနေ လူပေါင်း တသိန်း အတွက် အစာ ရိက္ခာတွေ၊ ကလေးများ ကယ်ဆယ်စောင့်ရှောက်ရေး Save the Children အဖွဲ့ ကနေတဆင့် ကလေးပေါင်း ၃သောင်း ၇ထောင် အတွက် မိသားစုတွေ နဲ့ကွဲတဲ့ ကလေးတွေကို မိဘတွေ နဲ့ ပြန်လည် တွေ့ဆုံပေါင်းစည်းရေး အတွက် - ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင် ရာမဟာမင်းကြီး ရုံးဖြစ်တဲ့ UNHCR ကနေတဆင့် အိုးအိမ်မဲ့ဖြစ်သွားသူ ယောက်ပေါင်း ၃သောင်း ၂ထောင်အတွက် ယာယီဖျင်တဲတွေ - CARE လို့ခေါ်တဲ့လူမှုရေးအသင်းအဖွဲကနေတဆင့် လူပေါင်း ၁သောင်း ၄ထောင်အတွက်၊ စောင်၊ ခြင်ထောင်၊ အဝတ်အထည် နဲ့ယာယီ နေထိုင် ဖို့ စခန်း တွေ -- ကုလသမဂ္ဂ အဖွဲ့အစည်း UNICEF ကနေတဆင့်လူပေါင်း ၄သောင်းကျော် အတွက် သောက်ရေသန့် နဲ့ ကျမ်းမာရေး ဆိုင် ရာသန့်ရှင်းမှု အတွက် ဆောင် ရွက်ချက်တွေ ပြု လုပ်ခဲ့တယ်လို့ သြစတြေးလျ လွှတ်တော်မှာ လဲ သြစတြေးလျ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောသွါးပါတယ်။
မြန်မာ နိုင်ငံမှာ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေ မှာ ငြိမ်းချမ်းရေး အကောင်အထည်ဖေါ်ဆောင် နိုင်ရေး အတွက် မြန်မာငြိမ်းချမ်းရေး -Myanmar Peace Centre ဆိုတဲ့ ဗဟိုဌါန အတွက်လဲ သြစတြေးလျ နိုင်ငံက ဒေါ်လာ ၅သန်း ပါဝင် ထားပါတယ်။
သြစတြေးလျ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကိုမသွားခင် ဇူလိုင်လ ၉ ရက် နေ့မှာ Singapore နိုင်ငံက ကြီးမှူးကျင်းပတဲ့ အာရှ ပါစိဖိတ် နိုင်ငံခြားရေး ဆိုင်ရာ မူဝါဒ ချမှတ်ရေးနဲ့ ပတ်သက်တဲ့
ဟောပြောပွဲကို တက်ရောက်မှာဖြစ်ပါတယ်။
ABC Radio Australia

No comments:
Post a Comment