Monday, 08 July 2013
ၾသစေၾတးလ် နိုင်ငံကို ခိုလှုံခွင့်တောင်းသူ တွေ အနေနဲ့ မှတ်ပုံတင်တွေ နိုင်ငံကူးလက်မှတ်တွေ ဖျက်စီးသူ တွေကို သြစတြေးလျ အစိုးရအနေနဲ့ ဒုက္ခသည်စီစစ်မှု မှာ နောက်တန်းကို ပို့မယ်လို့ ကြေငြာခဲ့ ပါတယ်။
သြစတြေးလျ နိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ဝင်ရောက်လာသူတွေဟာ မိမိတို့ မှတ်ပုံတင်တွေ နိုင်ငံကူးလက်မှတ်တွေကို ဖျက်စီးတဲ့ အပြင်၊ သူတို့ကို သူတို့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်နိုင်ငံက လာသလဲဆို တာ တွေကိုတောင် ပြောဖို့ ငြင်းဆန်နေပြီး - ဒီလို လုပ်ရင် နေထိုင်ခွင့် အခွင့်အရေး ရနိုင်တယ်လို့ ထင်ကြတဲ့ အတွက် လုပ်ဆောင်နေကြတာလို့ သိရပါတယ်။
လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးသစ် Tony Burke က ယခင်တုန်းကတော့ အရင်ရောက်သူတွေကို အရင်စီ စစ်မှုလုပ်ပေမယ့် ခုအခါမှာ မှတ်ပုံတင်တွေ မပါလာတဲ့ သူတွေကို နောက်ဆုံး ပို့ ပြီး စီစစ်မှု လုပ်သွားမှာဖြစ် တယ်လို့ ဆိုပါတယ်။
သြစတြေးလျ အာဏာပိုင်တွေက မှတ်ပုံတင် နဲ့ နိုင်ငံကူးလက်မှတ်တွေ ပြန်ရဖို့ ကျိုးစားသူတွေကို အကူအညီ ပေးသွားမယ်ဆိုတဲ့အကြောင်း - ဒီလို ပြန်လည်ပြီး အချက်အလက် ပံ့ပိုးသူတွေကို ဦစားပေးပြီး၊ ကူညီမှု မပြုသူတွေကို နောက်ဆုံးတန်း ပိုပြီးမှ စီစစ်မှာဖြစ်တယ်လို့ ပြောသွားပါတယ်။
ABC Radio Australia

No comments:
Post a Comment