Tuesday, July 09, 2013

မြန်မာ-အမေရိကန် ပညာရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ်International University Preparation Program(U.S.A) ဖွင့်လှစ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး


Tuesday, 09 July 2013

မြန်မာ-အမေရိကန် ပညာရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် နိုင်ငံတကာ တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့် ပြင်ဆင်သည့် International University Preparation Program(U.S.A) ဖွင့်လှစ်ရန်အတွက် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။


အမေရိကန် ပြည်ထောင်စု IOWA ပြည်နယ် အခြေစိုက် ACT Education Solution Limited နှင့် မြန်မာ နိုင်ငံမှ CROWN Education တို့ ပူးပေါင်းစီစဉ်မှုဖြင့် နိုင်ငံတကာ တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့် ပြင်ဆင်သည့် International University Preparation Program(U.S.A) အား မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်သွားရန် အတွက် နားလည်မှု စာချွန်လွှာကို ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက် ညနေ ၄ နာရီ၌ ရန်ကုန်မြို့ Sedona Hotel တွင် လက်မှတ်ရေးထိုးခဲ့သည်။

''ဒီပရိုဂရမ်က နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားပါတယ်။ အမေရိကန် ပြည်ထောင်စု တက္ကသိုလ် များ အပါအ၀င် သြစတြေးလျ၊ ကနေဒါ၊ စင်ကာပူ၊ အင်္ဂလန် တက္ကသိုလ်တွေရဲ့ Foundation အဖြစ် အသိ အမှတ်ပြုပြီး နိုင်ငံတကာ တက္ကသိုလ်တွေမှာ ကျောင်းသားများ လိုအပ်မယ့် Academic Knowledge Skills တွေအပြင် IELTS သို့မဟုတ် TOEFL ဖြေဆိုဖို့အတွက် တစ်ချိန်တည်း ပြင်ဆင်ပေးမယ့် အစီအစဉ် တစ်ခု လည်း ဖြစ်ပါတယ်'' ဟု ACT Education Solution Limited မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ပရိုဂရမ်ကို တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသားကျောင်းသူများ လျှောက်ထား နိုင်ပြီး မြန်မာနိုင်ငံတွင် တက်ရောက်နေစဉ်အတွင်း အထူးပြု ဘာသာရပ်များ ရွေးချယ်ရန် မလိုသေးဘဲ ပရိုဂရမ်ပြီးဆုံးချိန်တွင် မိမိတို့နှင့်သင့်လျော်မည့် အင်ဂျင်နီယာ၊ အိုင်တီ၊ စီးပွားရေး၊ Life Science အစ ရှိသည့် ဘာသာရပ်များ ရွေးချယ်သွားနိုင်စေရန် လေ့ကျင့်သင်ကြား ပေးသွားမည့် အစီအစဉ်တစ်ခု ဖြစ် ကြောင်း သိရသည်။

''ဒီပရိုဂရမ် တက်ပြီးတာနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေကို ဆက်လက်တက်ရောက် နိုင်ဖို့အတွက် Credit နဲ့ အမှတ်စာရင်း ထုတ်ပေးမှာပါ။ SAT ထပ်မံပြင်ဆင်ဖို့ မလိုဘဲ ထူးချွန်တဲ့ ကျောင်းသားကျောင်းသူ တွေ အတွက် ပညာသင်ဆု ဆက်လက် လျှောက်ထားပေးမယ့် အစီအစဉ်တွေလည်းပါဝင်ပါတယ်။အင်္ဂလန် တက္ကသိုလ်တွေရဲ့ပထမနှစ်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့အတွက် စီစဉ်ထားတဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပြီးတော့ GCE 'A' Level နဲ့ ညီပါတယ်'' ဟု CROWN Education မှ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ဆိုသည်။

အဆိုပါ University Preparation Program အားစမ်းချောင်းမြို့နယ် မြေနီကုန်း၊ ဓနလှိုင်တာဝါရှိ CROWN Education Learning Center ၌ စက်တင်ဘာလပိုင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

eleven media group

No comments: