Tuesday, 09 July 2013
စစ်တွေမြို့နယ် အတွင်းရှိ အသစ်ဆောက်လုပ်ပေးသော လုံးချင်းနေအိမ်များသည် ဒီရေတက်ချိန်များတွင် ရေများပြည့်လျှံ နေတတ်သဖြင့် ကျန်းမာရေးအတွက် ထိခိုက်လာနိုင်ခြေရှိကြောင်း ဒုက္ခသည်များက ပြောကြားခဲ့သည်။
ယင်းသို့ ဆောက်လုပ်ပေးသော နေရာများသည် စက်မှုဇုန်အဖြစ် သတ်မှတ်ထားသော နေရာများဖြစ်ပြီး နေအိမ် ၉၀၀ ကျော်ကို ဆောက်လုပ် ပေးထားကြောင်း သိရသည်။ အဆိုပါ နေအိမ်များသည် ဆတ်ရိုး ကျချောင်း ပတ်ပတ်ဝိုင်းထားသည့် နေရာဖြစ်သည့်အပြင် တချို့နေအိမ်များသည် ဒီရေ၀င်ရောက်သော ကာလများတွင် အိမ်နောက်ဘက်၌ ဒီရေများ ၀င်ရောက်နေတတ်သဖြင့် ကလေးငယ်များအတွက် ကျန်းမာရေးပိုင်း ဆိုင်ရာများကို လေ့လာရန် လိုအပ်ကြောင်းလည်း သိရသည်။
နေအိမ်များသည် ဆတ်ရိုးကျချောင်း ပတ်ပတ်ဝိုင်းထားသည့် နေရာဖြစ်သည့်အပြင် တချို့နေအိမ်များသည် ဒီရေ၀င်ရောက်သော ကာလများတွင် အိမ်နောက်ဘက်၌ ဒီရေများ ၀င်ရောက်နေတတ်သဖြင့် ကလေးငယ် များအတွက် ကျန်းမာရေးပိုင်း ဆိုင်ရာများကို လေ့လာရန် လိုအပ်...''လူကြီးတွေအတွက်က ပြဿနာ မဟုတ် ဘူး။ ဖြစ်လာသမျှ အကောင်းချည်းပဲလို့ ခံယူပြီး နေလို့ရတယ်။ ဒီရေတက်တာ များတဲ့နေ့တွေဆို အခုပေး မယ့် လုံးချင်းအိမ်ရာတချို့မှာ ရေ၀င်တယ်။ အိမ်အောက်ဘက်မှာ ရေပြည့်တယ် ဆိုပေမယ့်နေရာချထားပေး တဲ့ နေရာမှာ နေရမှာပေါ့ဗျာ'' ဟု ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာတော့မည့်သူ တစ်ဦးက ပြောကြား သည်။
အဆိုပါ လုံးချင်းအိမ်ရာများသို့ မကြာမီ ရက်ပိုင်းအတွင်း ဒုက္ခသည်များအားနေရာချထား ပေးနိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ်အတွင်းရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များနေရာတွင် မည်သူ့ကိုမျှ အစားထိုး ဆောက် လုပ်ခွင့် မပြုသည့်အတွက်သီးခြားနေရာ ချထားရေးနှင့် လုံးချင်းအိမ်များကို ဆောက်လုပ်ပေးခြင်းဖြစ်ပြီး ခြေတံရှည် အိမ်များဖြစ်သဖြင့် ဒီရေများ အိမ်အောက်သို့တိုင် ရောက်ရှိသော်လည်း တချို့သော နေအိမ်များ ဘက်သို့ ရောက်ရှိခြင်းမရှိကြောင်းနှင့်ကျန်းမာရေးနှင့်ပတ်သက်သော ပြဿနာများ နည်းပါးနိုင်မည် ဖြစ် ကြောင်းလည်း ကျန်းမာရေးဆိုင်ရာ လေ့လာသူများနှင့် ကျန်းမာရေးဝန်ထမ်း အသိုင်းအ၀ိုင်းက သုံးသပ်
ပြောဆိုပါသည်။
eleven media group

No comments:
Post a Comment