Tuesday, July 09, 2013

အီဂျစ်သမ္မတ(ယာယီ)က ရွေးကောက်ပွဲကျင်းပမည့် အချိန်ဇယားထုတ်ပြန်


Tuesday, July 9, 2013

အီဂျစ်သမ္မတ(ယာယီ)သည် သမ္မတရွေးကောက်ပွဲ ကျင်းပရက်မကြေညာမီ ၂၀၁၄တွင် ပြုလုပ်မည့် ပါလီမန် ရွေးကောက်ပွဲ အချိန်ဇယားကို ယမန်နေ့က ထုတ်ပြန်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း သမ္မတမော်စီ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ညီနောင်များပါတီမှ လွှတ်တော် အမတ်များ ရေးဆွဲခဲ့သည့် အခြေခံဥပဒေကို ပြင်ဆင်ရန် ငါးလတာ အချိန်ယူမည်ဖြစ်ကာ ၎င်းနောက်တွင် ပါလီမန် ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း အယ်အာရမ်သတင်းစာပါ ထုတ်ပြန်ချက်အရသိရသည်။


အီဂျစ်စစ်တပ်သည် သမ္မတအား နှုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲများအပြီး ရာထူးမှ ဖယ်ရှားပေး ပြီးနောက် တရားသူကြီးချုပ် မန်ဆောကို ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့ကာ အရပ်သားအစိုးရကို အာဏာ အမြန်ပြန်လည် လွှဲအပ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

အမိန့်သည် ယာယီအာဏာပိုင်များအား ပါလီမန်မဲပေးမှုကို အေးဆေးသက်သာစွာ လုပ်ဆောင်နိုင်စေရန် အချိန်ပေးထားကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

“အမိန့်မှာပါတဲ့ အတိုင်းဆိုရင် သူတို့တွေဟာ ရွေးကောက်ပွဲ တစ်ခုလုံးကို အချိန်ဘောင်အတွင်းမှာပဲ ရှိနေစေ အောင် စီစဉ်ထားတယ်” ဟု ဥပဒေဆိုင်ရာရှေ့နေ ဇိုင်အယ်အလီက ပြောကြားသည်။

အခြေခံဥပဒေဆိုင်ရာအမိန့်၏ အပိုဒ်ခွဲ ၃၃ သည် ယာယီသမ္မတအနေနှင့်သမ္မတလောင်းများစတင်စာရင်း တင်သွင်းချိန်မှာပင် ရွေးကောက်ပွဲလမ်းကြောင်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

ရွေးကောက်ပွဲဝင် သမ္မတလောင်းများသည် အမည်စာရင်းတင်သွင်းရန်နောက်ထပ်နှစ်လကြာမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ရောက်လျှောက်လှမ်းရန် နောက်ထပ်တစ်လကြာမည် ဖြစ်သည်။

ယခု အချိန်ဇယားထုတ်ပြန်ခြင်းသည်အပြင်ဘက်ရှိစစ်တပ်အတားအဆီးများချထားသည့် သမ္မတဟောင်း
အား ထိန်းသိမ်းထားသည်ဟု ယူဆကြသောနေရာတွင် သမ္မတမော်စီထောက်ခံသူ ငါးဆယ့်တစ်ဦးသေဆုံး ပြီးချိန်တွင်ဖြစ်သည်။


The Myanma Age

No comments: