Tuesday, July 9, 2013
လွန်ခဲ့တဲ့ နှစ်၂ဝကျော်က သရုပ်ဆောင် မေဝင်းမောင်ရဲ့ ဇာတ်ကား တစ်ကားဖြစ်တဲ့ “ကြည်ပြာ” ဇာတ်ကား မှာ တေးသံရှင် သျှီ က ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။
မိဘမဲ့ ကလေးငယ်တစ်ဦး ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ခဲ့တဲ့ သျှီက ထိုစဉ်အခါ က ၃နှစ် သမီးအရွယ်ပဲ ရှိပါသေးတယ်။
သျှီက “ကြည်ပြာ” ဇာတ်ကားထဲမှာတော့ ခင်နှင်းဖြူ ဆိုတဲ့ နာမည် နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ ကြောင်းလည်း သိရပါတယ်။
“အဲဒီတုန်းကတော့ ငယ်သေးတော့ သိပ်တော့ မမှတ်မိဘူး။ အဲ့ဒီမှာ မှတ်မိတာက ငိုတဲ့အခန်း တွေပါတော့ ငိုတဲ့ အခန်းရောက်ရင် ငိုလို့မရရင် ဦးထွန်းထွန်းဝင်း တို့ အန်တီ မေဝင်းမောင် တို့က ချီထားရင်းနဲ့ အသာ လေး ဆိတ်ဆိတ်ဆွဲရတယ် ပြောတယ်။ ငိုအောင်လို့လေ။ အန်ကယ် ထွန်းထွန်းဝင်း က သျှီ့ကို တွေ့ရင် အဲဒီ တုန်းက သရုပ်ဆောင်တဲ့ ကောင်မလေး ဆိုပြီး အံ့သြတယ်။ ခုလို အန်တီ မေဝင်းမောင် ပြန်လာမယ်ဆိုရင် ဝမ်းသာပါတယ်။
သူသျှီ့ကို မှတ်မိချင်မှ မှတ်မိပေမယ့် အခွင့်သာရင်တော့ သူနဲ့တွေ့ချင်ပါတယ်”လို့ သျှီက ငယ်စဉ်အခါ သူပါဝင် သရုပ်ဆောင် ဖြစ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။
Popular Journal

No comments:
Post a Comment