Tuesday, July 30, 2013

မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန်အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ အမှန်ပြောရရင် ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက်စေချင်ဘူး။(ယုသန္တာတင်)

Tuesday, July 30, 2013

မေး - မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို အများဆုံးဝတ်ဆင်လာတာ တွေ့ရတယ်နော်။ မြန်မာ ဝတ်စုံကို ကြိုက်တာလား။

ဖြေ - အင်းဟုတ်တယ်။ အခုလို မြန်မာဆန်ဆန် ပုံစံလေးတွေဝတ်ဆင်ရတာကို ပိုသဘောကျတယ်။ နောက် ပြီးတော့ ယုအဲဒီလိုမျိုးဝတ်တာကို ပရိသတ်ကလည်း လက်ခံအားပေးတယ်။ ကြိုက်နှစ်သက်တယ်။ နောက်တစ်ခုက ယုကိုယ်တိုင်လည်း ကြိုက်လို့ပါ၊

မေး - မြန်မာဝတ်စုံတွေကို ဘယ်အချိန်ကနေစပြီး နှစ်သက်ခဲ့တာလဲ။ ဒီဇိုင်နာနဲ့အပ်ပြီး ဝတ်တာလား။

ဖြေ - ယုတို့ ပဉ္စမတန်းနှစ်တက်တုန်းက ကျောင်းစိမ်းအကျÐက ထဘီနဲ့တွဲပြီးဝတ်ရတာဆိုတော့ အဲဒီက တည်းက နှစ်သက်ခဲ့တာ။ နောက်ပြီးတော့ ဘုရားသွား၊ ကျောင်းကန်တွေသွားရင်လည်း ဝတ်တဲ့အခါမှာ တအားကို ကျက်သရေရှိတဲ့ မြန်မာဝတ်စုံတွေကိုဝတ်ရတာ ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာ တယ်လို့ထင်တယ်။ ဝတ်စုံတွေကို ဒီဇိုင်နာဆီမှာအပ်ပြီးချုပ်ဝတ်တာ တော်တော်များပါတယ်။

မေး - ယုသန္တာတင်ရဲ့ အခုလတ်တလောအနု ပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - အခုက ရမည်းသင်းဆေးရုံမှာ ကြော်ငြာ တစ်ခုရိုက်နေတယ်။ ဩဂုတ်ကျရင်တော့ ဗီဒီယို ဇာတ်ကား ရိုက်ဖို့ရှိတယ်။ 'ကျန်စစ်မင်းကြီးအား တရားစွဲပေးပါ'ဆိုတဲ့ ဇာတ်ကားပါ။ ဒါရိုက်တာ ဒေါနရိုက်ကူးထားပြီး ကိုနေတိုးနဲ့ပါ။

မေး - အခုချိန်မှာ အချိန်တိုအတွင်း အောင်မြင်တဲ့ သူတွေထဲမှာပါလာပြီဆိုတော့ အရင်နဲ့ အခု ဘာတွေ ကွာသွားလဲ။

ဖြေ - ပရိသတ်က ယုကို လက်ခံအားပေးတဲ့အတွက် ကြိုးစားထားတဲ့အရာတစ်ခုက ပြန်ရသလိုပဲ တအားဝမ်း သာတယ်။ အခက်အခဲတွေကတော့ အများကြီးပဲပေါ့။ နောက်တစ်ခုက ဒီလောကထဲကိုဝင်ဖို့ စပြီးတော့ ကြိုး စားကတည်းက အခက်အခဲတွေကရှိတာပေါ့နော်။ အောင်မြင်မှုတစ်ခုရဖို့ဆိုတာ ဘယ်တော့မှ အလွယ်တကူ မရပါဘူး။ အလွယ်တကူနဲ့ရတဲ့အောင်မြင်မှုကလည်း ရေရှည်မတည်မြဲဘူးလို့ ယု ထင်ပါတယ်။

မေး - 'အနုပညာပျိုးခင်း'ကနေ တက်လာတာဆိုတော့ အဲဒီက ဘယ်လိုအထောက်အပံ့တွေပေးသလဲ။

ဖြေ - အခု ယုရိုက်နေတဲ့ဇာတ်ကားတွေကလည်း 'အနုပညာပျိုးခင်း'နဲ့ပဲ ရိုက်နေတာပါ။ ရှေ့ဆက်ပြီးတော့ လည်း သူတို့နဲ့ပဲ ဇာတ်ကားတွေရိုက်ဖို့ရှိပါတယ်။

မေး - 'အနုပညာပျိုးခင်း'က အနုပညာမောင်နှမတွေကရော ယုတို့ကို ဘယ်လိုမျိုးတွေ သင်ကြားပေးခဲ့လဲ။

ဖြေ - သူတို့က အကောင်းဆုံးဖြစ်အောင် သင်ကြားပေးတယ်။ နောက်ပြီးတော့ ဇာတ်လမ်းတွေကိုလည်း ရွေးပြီတော့ ယုနဲ့ လိုက်ဖက်မယ့် ဇာတ်ကားတွေကိုရွေးပြီးတော့ ရိုက်ခိုင်းတယ်။

မေး - 'အနုပညာပျိုးခင်း'ကနေ အခုလို တက်လာတာဆိုတော့ ယုသန္တာတင် အနေနဲ့ ဘယ်လိုပြောင်းလဲမှုမျိုး တွေ ဖြစ်ပေါ်ခဲ့လဲ။

ဖြေ - ကားတွေကို ယုနဲ့လိုက်မယ့် ဇာတ်ကားတွေကို ရွေးပြီးပေးတယ်။ သူတို့ကြောင့်ပဲ သရုပ်ဆောင် တစ်ဦး အနေနဲ့ အနုပညာလောကထဲမှာ အခုလို ပရိသတ်တော်တော်များများသိလာတာပါ။

မေး - ယုသန္တာတင်က ဆံပင်အရောင်ဆိုးတာ သိပ်မတွေ့ရသလိုပဲ ဘာဖြစ်လို့လဲ။

ဖြေ - ယုက ဆိုးတာတော့ ဆိုးတယ်။ ဒါပေမဲ့ ကာလာအရောင် ရဲရဲကြီးတွေဆိုးတာကို မကြိုက်ဘူး။ မနှစ် သက်ဘူး။ အဲဒါကြောင့် ခပ်ပါးပါးနဲ့ အရောင်သိပ်မထွက်တဲ့ ကာလာလေးတွေကို ဆိုးတာပါ။ နောက်ပြီးတော့ နောက် ရိုက်မယ့်ဇာတ်ကားတွေမှာလည်း မြန်မာဆန်တဲ့ပုံစံတွေကိုပဲ အများဆုံးရိုက်ဖြစ်မှာဆို တော့လေ။ ယုက တက္ကသိုလ်ဝင်တန်းနှစ်ကတည်းကစပြီး ဆံပင်ကို အရှည်ထား ထားတာပါ။

မေး - ညီမ ရုပ်ရှင်ကားတွေ ရိုက်ထားတာရောရှိလား။

ဖြေ - ရုပ်ရှင်ကားကြီး ရိုက်ထားတာလဲ မရှိသေးပါဘူး။

မေး - မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဝတ်စုံလေးတွေ နဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ - မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန် အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ လိုက်ဖက်မှာပါ။ အမှန်ပြောရရင်တော့ ကိုယ့်မြန်မာဝတ်စုံတွေကိုတော့ မပျောက်ပျက်စေချင်ဘူး။

Yangon Media Group

No comments: