Tuesday, July 30, 2013

ဓမ္မခရီးသွားလုပ်ငန်းကမ္ဘာလှည့်များကိုဆွဲဆောင်


Tuesday, July 30, 2013



အရုဏ်မတက်မီ နှိုးစက်သံများနှင့်အတူ ငြိမ်သက်ဆာလောင်သောနေ့ရက်များသည် အားလပ်ရက်တစ် ရက်တွင် ပြုလုပ်လိုသည့် လူတိုင်း၏စိတ်ကူးမဖြစ်နိုင်ပေ။ သို့သော်လည်း စိတ်အာဟာရကို ရှာဖွေရယူလိုသော ကမ္ဘာလှည့်ခရီးသည်များအတွက် ဗုဒ္ဓဟောကြားသော နိဗ္ဗာန်သို့သွားရာလမ်းတွင် မြန်မာဘုန်းကြီးကျောင်းများက အကူအညီပေးလျက်ရှိသည်။

စိတ်၏ငြိမ်းချမ်းမှုကို ရှာဖွေခြင်းက အားလပ်ရက်များကို ပျော်ရွှင်မှုသာ ပဓာနဆိုသည့် ခံယူချက်ဖြင့် ချဉ်းကပ်နေသောသူများကို ဆွဲဆောင်ရန်မဖြစ်နိုင်ပေ။ အရက်ကမ်းခြေနှင့် ဘီကီနီတို့အား လုံးဝ အပြင်မှာသာရှိနေရသည်။


''စစချင်းမှာ နည်းနည်းတော့ အုတ်နံရံတစ်ခုကိုဝင်တိုးရ သလိုမျိုးအကျပ်တွေ့မှာပဲ၊ ခင်ဗျားသိတဲ့အတိုင်း ခင်ဗျားဟာ ခင်ဗျားရဲ့ ပြင်းထန်တဲ့ပြဿနာတွေကို သက်သောင့်သက်သာဖြစ် အောင်လုပ်နေတာ ခင်ဗျားရဲ့ စိတ်ကို အေးချမ်းအောင်လုပ်နေတာပါ''ဟု ဗြိတိသျှပန်းချီသမိုင်းပညာရှင် ရူးပတ်အဲရိုးစမစ်က ပြောကြားခဲ့ သည်။
ရန်ကုန်အနီး ကျေးလက်ရှိ တရားကျင့်ရန်နှင့် အိပ်စက်ရန် အခန်းများရှိသော ငြိမ်းချမ်းသည့် ပရိဝုဏ်တစ်ခု ဖြစ်သော ချမ်းမြေ့ ရိပ်သာဘုန်းကြီးကျောင်းတွင် ရူးပတ်အဲရိုးစမစ်က ဝစီပိတ်၄၅ရက် နေခဲ့သည်။ ကျောင်း က အကျင့် ခြိုးခြံမှုနှင့် စည်းကမ်းနာမည်ကြီးသည်။

နံနက်၃နာရီခွဲတွင် အိပ်ရာမှထ၍ နေ့တစ်နေ့၏ အချိန်အများစုကို ထိုင်လျက်နှင့်လမ်းလျှောက်လျက် တရား ရှုမှတ်ရင်း ကုန်ဆုံးစေခဲ့သည်။ ရံဖန်ရံခါ ကောင်းမွန်သောဟင်းလျာများပါသော အစားအစာကို မွန်းမတည့်မီ စားသုံးကြရသည်။

ချမ်း မြေ့ရိပ်သာတွင် နောက်ဆုံးစား သောက်ရချိန်မှာ နံနက်၁ဝနာရီ ခွဲဖြစ်သည်။ လေးနက်သည့်သဘော ထားရှိရန် ဘုန်းကြီးကျောင်း တစ်ခုသို့ ဝင်လာသူများကို အဲရိုး စမစ်က တိုက်တွန်းခဲ့သည်။ ''ဒါ က ဒစ္စနေလဲန်း
မဟုတ်ပါဘူး''ဟု ၎င်းကဆိုသည်။ ဘုန်းကြီးကျောင်းသို့ သူ၏ဒုတိယအကြိမ်ရောက်ရှိခဲ့သည့်အတွေ့အကြုံမှာ ထိုက်တန်မှုရှိသည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

''ကိုယ့်ရဲ့စိတ်တွေက ဘာ တွေလုပ်ဆောင်နေသလဲဆိုတာကို သိချင်နေတဲ့သူတွေအတွက် ဒါက မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော် ဆိုလိုတာက ဒါဟာ အနောက် တိုင်းကလူတွေအတွက် အဓိကအချက်ဖြစ်နိုင်ပါ တယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

''ကိုယ့်ကိုယ်ကိုယ်နားလည် တဲ့အကြောင်း ပြောတဲ့လူတွေ ခင်ဗျား သိပါတယ်။ သူတို့အနေနဲ့ မြန်မာပြည်ကို လာပြီး ဝိပဿနာတရားရှုမှတ်မှုလုပ်ဖို့ အမှန်တကယ်လိုအပ်ပါတယ်''ဟုလည်း အဲရိုးစမစ်ကပြောကြားခဲ့ သည်။

ဘုန်းကြီးကျောင်းထောင် ပေါင်းများစွာရှိနေသော ဘာသာ တရားကိုင်းရှိုင်းမှုရှိသည်ဟု ဒေသတွင်း၌ ဂုဏ် သတင်းကျော်ကြားသော မြန်မာနိုင်ငံအနေဖြင့် ဗုဒ္ဓ၏တရားဓမ္မကိုစိတ်ဝင်စားသော ကမ္ဘာလှည့်ခရီးသည် များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

တရားစခန်းခရီးစဉ်များအတွက် ဗီဇာများ ယခုအခါအလွယ်တကူရရှိနေပြီး ဓမ္မခရီးသွားလုပ်ငန်းမှာ မြင့်မား လာကြောင်း မြန်မာခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ ကိုဖြိုးဝေရာဇာ က ပြောကြားခဲ့သည်။

Yangon Media Group

No comments: