Monday, July 01, 2013

ဇွန်လ ၂၉ရက်နေ့တွင် မလေးရှားမှ မြန်မာနိုင်ငံသား (၂၂၉)ဦး ပြန်လည်ရောက်ရှိ

Monday, 01 July 2013
ဧရာဝတီ ဖောင်ဒေးရှင်း၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မလေးရှားရှိ လူမှုရေး အဖွဲ့အစည်းများ၊ MAI လေကြောင်းလိုင်းတို့၏ အစီအစဉ်များဖြင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၂၂၉)ဦးသည် ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။ 
စိုးရိမ်စိတ်များကြောင့် နေရပ်သို့ ပြန်လိုသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား (၅၅)ဦးမှာ ယင်းနေ့ မွန်းလွဲ (၁း၅၀) အချိန်တွင် MAI လေကြောင်းလိုက်ဖြင့် လိုက်ပါလာမည် ဖြစ်သည်။ ထို့အတူ ည (၈း၀၀) အချိန်တွင် စင်းလုံးငှါး လေယာဉ်ဖြင့် ထိန်းသိမ်းရေး စခန်းများမှ မြန်မာ ရွှေ့ပြောင်းလုပ်သား (၁၇၂)ဦးနှင့် အကြမ်းဖ က်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် သူတစ်ဦး စုစုပေါင်း (၁၇၃)ဦး ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။ အဆိုပါ ဒဏ်ရာ ရထားသည့် ပုဂ္ဂိုလ်အား ၀ိတိုရိယ ဆေးရုံသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ချက်ချင်း ပို့ဆောင် ပေးသွားမည် ဖြစ်ကာ လိုအပ်သည့် ဆေးကုသမှုများအား ဆက်လက် ခံယူစေမည် ဖြစ်သည်။

မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက် ခံရမှုများကြောင့် စိုးရိမ်ကြောင့်ကြ နေသူများအား နေရပ်သို့ ပြန်နိုင်ရေး ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီမှုများ ပြုလုပ်ခဲ့ရာ ဇွန်လ ၁၇ရက်နေ့က (၂၅)ဦး၊ ဇွန်လ ၂၂ရက်နေ့တွင် (၂၀)ဦး၊ ၂၄ရက်နေ့တွင် (၆၉)ဦး၊ ဇွန်လ ၂၆ရက်နေ့တွင် (၃၀)ဦး အသီးသီး ရောက်ရှိခဲ့ပြီး ဖြစ်ကာ လာမည့် ဇွန်လ ၂၉ရက်နေ့ အပါအ၀င် စုစုပေါင်း မြန်မာနိုင်ငံသား (၃၇၂)ဦးအား နေရပ်ပြန်နိုင်ရန် စီစဉ် ဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အတူ အကြမ်းဖက် တိုက်ခိုက်ခံရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား စုစုပေါင်း (၆)ဦးအား ဆေးကုသမှု ဆက်လက် ခံယူနိုင်ရန် ၀ိတိုရိယ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ကုန်ကျစရိတ် များအား ကျခံပေးခဲ့သည်။

Ayeyarwady Foundation
 
No comments: