Monday, July 01, 2013

မလေးရှားမှ မြန်မာနိုင်ငံသား (၃၇၃)ဦးအား နေရပ်ပြန်ရန် ကူညီပေး



Monday, 01 July 2013





 
ဧရာဝတီ ဖောင်ဒေးရှင်းသည် မလေးရှားနိုင်ငံရှိ လူမှုကွန်ယက် အဖွဲ့များ၊ မလေးရှားနိုင်ငံဆိုင်ရာမြန်မာ သံရုံး၊ MAI လေကြောင်းလိုင်းတို့နှင့် ပူးပေါင်းကာ မလေးရှားနိုင်ငံမှ နေရပ်သို့ ပြန်လိုလျက်ရှိသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများအား အကူအညီ ပေးနိုင်ရေးအား ဇွန်လ ၁၂ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၃၀ရက်နေ့အထိ စုစုပေါင်း မြန်မာနိုင်ငံသား (၃၇၃)ဦးအား နေရပ်သို့ ပြန်နိုင်ရေး ကူညီဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်သည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် အခြား အကြောင်းအမျိုးမျိုးကြောင့်နေရပ်သို့ ပြန်ရန် အခက်တွေ့နေသည့် မြန်မာနိုင်ငံသားများအား ကူညီပေးနိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်များသည် မလေးရှားနိုင်ငံသို့ သွားရောက်ကာ လူမှုရေးအဖွဲ့အစည်းများ၊ သံရုံးကိုယ်စားလှယ် များ၊ ဒုဝန်ကြီးများ ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သား များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အကူအညီ အမှန်တကယ် လိုအပ်နေသည့် ပုဂ္ဂိုလ်များအား ကူညီပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ နေရပ်သို့ ပြန်လိုသော်လည်း အခက်တွေ့နေသည့် ထိန်းသိမ်းရေးစခန်းများရှိမြန်မာနိုင်ငံသား
များကိုလည်း နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ဇွန်လ ၃၀ရက်နေ့ကလည်း ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် မွန်းလွဲပိုင်းတွင် (၅၅)ဦး၊ ညပိုင်းတွင်(၁၇၄)ဦး ထပ်မံရောက်ရှိလာခဲ့ရာ မလေးရှားနိုင်ငံမှနေရပ်ပြန်သည့် မြန်မာနိုင်ငံသားဦးရေမှာ(၃၇၃)ဦးရှိခဲ့ပြီဖြစ်သည်။ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် မြန်မာနိုင်ငံသား အရေအတွက် (၁၀၀၀) ပြည့်မြောက်သည်အထိ ဆက်လက် ကူညီပေးသွားမည် ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ထပ်မံ ရောက်ရှိလာကြဦးမည် ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မလေးရှားနိုင်ငံရှိ လူမှုရေး အဖွဲ့အစည်းများအား အလှူငွေများပေးအပ်ခြင်း၊ မလေးရှား နိုင်ငံတွင် ဆေးကုသမှု ခံယူနေရသည့် မြန်မာနိုင်ငံသားများနှင့်သေဆုံးသူများ၏ မိသားစုဝင် များအတွက် ဆေးကုသစရိတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊နေရပ်ပြန်လိုသည့်မြန်မာနိုင်ငံ
သားများ အတွက် လိုအပ်သည့် စာရွက်စာတမ်းများ လွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရေး ဧရာဝတီစေတနာ့ဝန်ထမ်း အဖွဲ့နှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးခြင်း၊မလေးရှား လူဝင်မှုကြီးကြပ်ရေးသို့ ပေးဆောင်ရမည့် ဒဏ်ကြေးငွေ တစ်ဦးလျင် ရင်းဂစ် (၄၀၀)စီကို ထောက်ပံ့ကူညီပေးခြင်း၊ လေယာဉ်လက်မှတ်ခများအား MAI လေကြောင်းလိုင်းနှင့် ပူးပေါင်း ကျခံပေးခြင်း၊ နေရပ်သို့ ပြန်လည် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ထောက်ပံ့ငွေများ ဆက်လက် ထောက်ပံ့ပေးခြင်း အစရှိသည့် အကူအညီများအား
ပေးအပ်ခဲ့သည်။ ထို့အတူ ဆေးကုသမှု ခံယူရန် လိုအပ်သည့် သူများကိုလည်း ၀ိတိုရိယဆေးရုံသို့ အရေးပေါ် လူနာတင်ယာဉ်များဖြင့် ချက်ချင်းပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုဆက်လက်ခံယူစေခဲ့ကာ ဆေးကုသစရိတ် များ အတွက်လည်း ၀ိတိုရိယ ဆေးရုံနှင့် တစ်ဝက်စီ အကုန်ကျခံ ကုသပေးလျက်ရှိသည်။

ဧရာဝတီဖောင်ဒေးရှင်း အစီအဉ်ဖြင့် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့သည့် အရေအတွက်
ဇွန် ၁၇ - (၂၅)ဦး၊
ဇွန် ၂၂ - (၂၀)ဦး၊
ဇွန် ၂၄ - (၆၉)ဦး၊
ဇွန် ၂၆ - (၃၀)ဦး၊
ဇွန် ၃၀ - (၂၂၉)ဦး၊

ဆးရုံသို့ ပို့ဆောင်ပေးခဲ့သည့် အရေအတွက်
ဇွန် ၁၇ - (၁)ဦး၊
ဇွန် ၂၂ - (၅)ဦး၊
ဇွန် ၃၀ - (၂)ဦး၊

Ayeyarwady Foundation

No comments: