Tuesday, 02 July 2013
လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ဆွေးနွေးကြမည် ဖြစ်သော်လည်း အများမျှော်မှန်းထား သလောက် ဖြစ်လာနိုင်ဖွယ် မရှိဟု သူရဦးအောင်ကိုက သုံးသပ်ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မ ၄၅၇ ခုရှိသည့်အနက် ပုဒ်မပေါင်း ၉၀ ခန့်မှာ ပြင်ဆင်၍ မရအောင် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
''အားလုံးမျှော်မှန်း ထားသလောက်တော့ ဥပဒေပုဒ်မတွေ ပြင်လို့ရချင်မှရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွဲထားတာကိုက ပုဒ်မပေါင်း ၄၅၇ ခုရှိတယ်။ ပုဒ်မ ၉၀ လောက်က ပြင်လို့ကို မရအောင် ဆွဲထားတာ။ ၁၄ နှစ်ကြီးတောင် အချိန်ယူပြီး ဆွဲထားတာပဲ။ ဒါပေမဲ့ လောကပါလ နတ်မင်းကြီးတွေ စောင့်ရှောက်မှာပါ။ သူ့ဟာသူတော့ အဆင်ပြေသွားမှာပါ။ ခလုတ်တိုက်ပြီးပဲ အဆင်ပြေမလား၊ ချောမွေ့ပြီးပဲ အဆင်ပြေမလား။ ဒါပဲကွာမှာပါ'' ဟု ကန်ပက်လက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။
အားလုံးမျှော်မှန်း ထားသလောက်တော့ ဥပဒေပုဒ်မတွေ ပြင်လို့ရချင်မှရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွဲထားတာကိုက ပုဒ်မပေါင်း ၄၅၇ ခုရှိတယ်။ ပုဒ်မ ၉၀ လောက်က ပြင်လို့ကို မရအောင် ဆွဲထားတာ။ ၁၄ နှစ်ကြီးတောင် အချိန်ယူပြီးဆွဲထားတာပဲ။ ဒါပေမဲ့ လောကပါလ နတ်မင်းကြီးတွေ စောင့်ရှောက်မှာပါ။ သူ့ဟာ သူတော့ အဆင်ပြေသွားမှာပါ။ ခလုတ်တိုက်ပြီးပဲ အဆင်ပြေမလား၊ ချောမွေ့ပြီးပဲ အဆင် ပြေမလား...
ယခုကျင်းပလျက်ရှိသည့် လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မရှင်ကို တင်သွင်းမည် ဖြစ်ကြောင်းနှင့် ယင်းကော်မရှင်၏ လေ့လာသုံးသပ်ချက်များ အပေါ် ဆွေးနွေး
ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။
ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်နှင့် ပတ်သက်၍ သူရ ဦးအောင်ကိုက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိ
လွှတ်တော်က အတည်ပြုခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆ တွင် (က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ အခန်း (၄)ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆)ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြား ပြဋ္ဌာန်းချက်များကို
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်ဟု ဖော်ပြပါရှိသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ပြင်ဆင်ရမည့် အချက်များအနက်နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များ၏ အရည်အချင်းများ ပါဝင်သည်။
eleven media group

No comments:
Post a Comment