Tuesday, July 02, 2013

" ပွင့်လင်းလွတ်လပ်မှု ကဘဝရှင်သန်ခွင့်ဖြစ်စေတဲ့မီဒီယာနဲ့ အနုပညာ ဆက်ဆံရေး "

Tuesday, 02 July 2013 
 

မီဒီယာ လောကမှာ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာ၊ ရုပ်သံမီဒီယာဆိုပြီးရှိကြ ပါတယ်။ ပြည်သူလူထုနဲ့အမြဲ ထိတွေ့ဆက်ဆံရေးနယ်ပယ်ချဲ့ထွင်ဖို့ မီဒီယာဟာ ကြားခံပေါင်းကူးတံတားအဖြစ် မရှိမဖြစ်အရေးပါလှတဲ့ အရာ လို့ ဆိုရမှာပါ။ ဒါကြောင့် အနုပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် မိသားစု လူမှုဘဝရှင်သန်ခြင်းတွေပါ မိမိတို့ ချစ်ခင်အားပေးကြတဲ့ ပရိသတ်ပြည်သူတွေထဲ အသိပေးဖြန့်ဝေဖို့ မီဒီယာ နဲ့ ဆက်ဆံ ရေးဟာ အဓိကလိုအပ်ချက်တစ်ခုဖြစ်လို့နေပါတယ်။

မီဒီယာနဲ့ အနုပညာရှင်တို့ရဲ့ အကြားက ပြည်သူ့ဆက်ဆံ ရေးဝန်ဆောင်မှုအကျိုးရလဒ်ကောင်းတွေ ရရှိ ခံစားရပုံတွေကို အတွေ့အကြုံကိုယ်စီနဲ့ အနုပညာတွေကစကားစမြည်ဆိုထားကြပါတယ်။

ဒိန်းဒေါင် -

" မီဒီယာကကျွန်တော်တို့လို အနုပညာရှင်တွေကိုပရိသတ်တွေနဲ့ ထိတွေ့ပေးတဲ့နေရာမှာ အဓိက အရေးကြီး တယ်။ မီဒီယာသမားတွေကလည်း ဇာတ်ပို့၊ဇာတ်ရံတွေ အကြောင်းကိုလည်း ပရိသတ်တွေဆီ အကျိုး
အကြောင်း လေးတွေ ရေးပေးနေပါပြီ။ အရင် ကဆိုရင် မင်းသား၊ မင်းသမီးလောက်ပဲ ရေးကြတယ်။ အခုတော့ အားလုံးကိုလုပ်ပေးနေပါတယ်"

မိုးယံဇွန် -

မီဒီယာကကျွန်တော်နဲ့ပရိသတ်ကိုဆက်စပ်ပေးတဲ့တံတားလို့မြင်ပါတယ်။ မီဒီယာကကျွန်တော်တို့ အနုပညာရှင်တွေမှမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ကြော် ငြာလုပ်ငန်းတွေအားလုံးအတွက် အထောက်အကူပေးပါတယ်။ မီဒီယာကနေတစ်ဆင့်လည်း ပရိသတ်တွေဆီကစကားသံကို ကျွန်တော် အမြဲတမ်း နားစွင့်ဖြစ်ပါတယ်။

မောင် -

" အနုပညာနဲ့ မီဒီယာကတစ်ယောက်ကို တစ်ယောက်အထောက် အကူပြုနိုင်တယ်။ ပရိသတ်တွေရဲ့ အကြံပေး၊ဝေဖန်သံတွေကိုလည်း မီဒီယာကနေပြီးကြားရတယ်။ မီဒီယာက နိုင်ငံမှာ မရှိမဖြစ် လိုအပ် တဲ့အရာ လို့ထင်တယ်။မီဒီယာသာမရှိရင် သတင်းအချက်အလက် တွေကို ချက်ချင်းမသိနိုင်ဘူး။ မီဒီယာရှိတာက တအားကောင်း တယ်လို့မြင်မိတယ်"

သူရိယ-

" အနုပညာရှင်ရှိရင် မီဒီယာ ဆိုတာလည်းရှိရမယ်။ မီဒီယာကနေအနုပညာရှင်တွေရဲ့ ပြောပြချင်တာ တွေကို ပရိသတ်တွေကိုချပေးတယ်။ ပရိသတ်တွေက သိရတဲ့အတွက်မီဒီယာတွေက မရှိမဖြစ်လိုအပ်တယ်။ မီဒီယာ နဲ့ အနုပညာရှင်ဆိုတာကချိတ်ဆက်နေတဲ့အတွက်အချင်းချင်းနားလည်မှုရှိဖို့လည်းလိုအပ်တယ်။အဓိက ကတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရှိဖို့လိုတယ်။"

ခိုင်သင်းကြည်-

" အနုပညာရှင်တွေနဲ့မီဒီယာတွေက ဆက်စပ်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်ကင်းကွာလို့ မရကြ ဘူး။အနုပညာရှင်တွေအတွက်ကလည်း မီဒီယာသမား တွေမရှိလို့ မဖြစ်သလို၊ မီဒီယာသမားတွေကလည်း
ဒီလိုပဲအနုပညာသမားရှိဖို့လိုအပ်တာပေါ့။အနုပညာသမား တွေထဲမှာလည်းကောင်းတဲ့လူရှိသလိုဆိုးတဲ့ လူလည်းရှိတာပဲ။

ဒီလိုပဲမီဒီယာသမားတွေထဲမှာလည်း ကောင်းတဲ့ လူရှိသလို၊ဆိုးတဲ့လူလည်းရှိတာပဲ။ တစ်ဦးနဲ့တစ်ဦးနား လည်မှုကအရေးကြီးဆုံးပဲ။အနုပညာသက်တမ်းတော်တော် ကြာခဲ့ပါပြီ။ မီဒီယာက အနုပညာသမားတွေ
အတွက် အပြင်ဒီနိုင်ငံရေးကိစ္စမှာလည်းပြည်သူတွေကို အသိပေး ချင်ရင်မီဒီယာကနေတစ်ဆင့်သိသွားမှာပဲ။ မီဒီယာတွေ ကို မောင်နှမလိုဖြစ်နေကြပြီ။ ထွေထွေ ထူးထူးကြုံဖူးတဲ့ အမှတ်တရရယ်တော့မရှိပါဘူး"

ချစ်စနိုးဦး-

" မီဒီယာကပရိသတ်နဲ့ကိုယ်နဲ့ကြားမှာ အဆက်အသွယ်လုပ်ပေးတယ်။ ကိုယ်ဘာလုပ်တယ်၊ ဘာဖြစ် တယ်ဆိုတာကို မီဒီယာကနေတစ်ဆင့် ပရိသတ်တွေ သိနိုင်၊မြင်နိုင်တဲ့အတွက်တအားကောင်းပါတယ်။ အထောက် အကူအများကြီးရတယ်။မီဒီယာကနေပြီး ပရိသတ်တွေ ရဲ့ စကားသံတွေပြန်ပြီးကြားရတယ်။ ဖုန်းဆက်တာတွေ ရှိတယ်။ မီဒီယာရှိတာ ကောင်းပါတယ်"

ပုလဲဝင်း-

" ပုလဲတို့အနုပညာရှင်ရယ်၊မီဒီယာရယ်၊ ပရိသတ် ရယ်ဆိုတာခွဲခြားလို့မရပါဘူး။တစ်ခုနဲ့တစ်ခု ဆက်စပ်နေ တယ်။ အနုပညာရှင်တွေကပရိသတ်လိုအပ်တယ်။မီဒီယာကလည်းပရိသတ်လိုအပ်တယ်။မီဒီယာက အနု ပညာရှင်ကိုလိုအပ်သလိုအနုပညာရှင်ကလည်း မီဒီယာကိုအများကြီးလိုအပ်တယ်။ ဒီ ၃ ခုလုံးကတစ်ယောက် နဲ့တစ်ယောက်လက်တွဲသွားပြီး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်း မှီ စည်းစည်းလုံးလုံးလေးနေသင့်တယ်"

ချမ်းမီမီကို-

" Media ဆိုတာအနုပညာရှင်တွေနဲ့ ပရိသတ်တွေကြားမှာပေါင်းကူးအနေနဲ့ဆက်သွယ်ပေးတယ်။ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာဖော်ပြပေးနိုင်သလိုဝေဖန်ကွပ်ကဲမှုလည်း လုပ်နိုင်တယ်။ မီဒီယာတွေရဲ့ အကြံဥာဏ် လည်း လိုအပ်တယ်။မီဒီယာရောချမ်းမီတို့အနုပညာရှင်တွေပါပူးပေါင်းပြီးလုပ်ဆောင်ရတယ်။နောက် ပရိသတ်တွေဆီကိုဖော်ပြပေးတဲ့အခါလည်း မှားလို့ မဖြစ်ဘူး။ ဒါကြောင့်လည်း တအားအရေးကြီးတယ်"

ဂုဏ်ရည်အေးကျော်-

" အနုပညာရှင်နဲ့ မီဒီယာဆိုတာခွဲခြားလို့မရပါဘူး။ ကြားခံမရှိဘဲနဲ့ ကိုယ်ပို့ချင်တဲ့မက်ဆေ့ခ်ျတွေ ပရိသတ် တွေဆီမရောက်နိုင်ပါဘူး။ မီဒီယာဆိုတဲ့ ကြားခံနယ်တစ်ခုရှိတဲ့အတွက် ကိုယ်ပို့ချင်တဲ့ မက်ဆေ့ခ်ျတွေ ပရိသတ်တွေဆီကိုရောက် တယ်။ မီဒီယာတွေက အနုပညာ ရှင်တွေအတွက်မရှိ မဖြစ် ကို အရေးပါပါတယ်။ ဖေ့စ်ဘုတ်ဆိုတာ လည်း မီဒီယာ တစ်ခုပဲလေ။ ဖေ့စ်ဘုတ်ကနေ ပရိသတ်တွေရဲ့စကားသံကို နားထောင်ဖြစ် ပါတယ်။"

Popular Journal

No comments: