Tuesday, July 02, 2013

ရုံးချိန်းခဏခဏလာနေရတဲ့ ရဲတိုက်


Tuesday, 02 July 2013


လင်းထွန်းဦး (ခ) သရုပ် ဆောင်ရဲတိုက်မှ ခရစ်ယာန်ဘုရား ကျောင်းမှာတစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘုရားကျောင်းမှဗိုလ်တထောင်ရဲ စခန်းသို့အမှုဖွင့်ခဲ့ပါတယ်။ဒါပေမဲ့အဲဒီကိစ္စနဲ့စပ်လျဉ်းပြီး သရုပ်ဆောင်ရဲတိုက်နဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာတော် ရစ်ချက်တို့ကအများပြည်သူရှေ့မှာ ရဲတိုက်က ထိုကိစ္စမျိုးထပ်မံမပြုလုပ်ပါတော့ ကြောင်းခံဝန်ချက်ကတိလက်မှတ် ရေးထိုးပြီး နှစ်ဦးသဘောတူ ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့ကြပါတယ်။ အဲဒီ ကိစ္စကိုဗိုလ်တထောင်တရားရုံးက ခေါ်ယူစစ်ဆေးမေးမြန်းတော့ တရားလိုဘက်က ဘုရားကျောင်းရဲ့ တာဝန်ရှိသူများနဲ့ ဦးရစ်ချက်တို့ အပါအ၀င်ရဲတိုက်တို့ကို ခေါ်ယူစစ် ဆေးခဲ့ကြပါတယ်။


ပထမရက်နဲ့ ဒုတိယရက်တို့မှာအကြောင်းအမျိုး မျိုးကြောင့် ရဲတိုက်နဲ့ ဦးရစ်ချက်တို့ကတစ်လှည့်စီလာ ရောက်ခဲ့ခြင်း မရှိပေမယ့် ဇူလိုင်လ ၁ ရက်နေ့ မနက် ၁၁ နာရီမှာတရားလိုဘက်မှ သက်သေနှစ်ဦးနဲ့ သရုပ်ဆောင် ရဲတိုက်တို့ကိုခေါ်ယူစစ်ဆေးခဲ့ပါတယ်။

တရားရုံးမှ သက်သေနှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး တရားရုံးချိန်း နေ့ကို ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီခွဲသို့ ပြောင်းရွှေ့ပြီးထပ်မံ စစ်ဆေးသွား မှာဖြစ်ကြောင်း သိရှိရပါတယ်။


8 DAYS A WEEK ENTERTAINMENT

No comments: