အသက်၁၄နှစ်သာရှိသေးပေမယ့် တီဗွီကြော်ငြာနဲ့ဓာတ်ပုံမော်ဒယ်တွေ ဘက်မှာ ပရိသတ်ရဲ့အားပေးမှုတွေ နဲ့အတူ အောင်မြင် မှုရရှိနေ သူကတော့ ဝါရင့်သရုပ်ဆောင်
လွင်မိုးရဲ့သမီးဖြစ်သူ ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါ တယ်။ ယွန်းဝတီလွင်မိုးက
လတ်တလောမှာ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးတဲ့
Enzoxid ဝက်ခြံပျောက် ဆေးကြော်ငြာကို သာကေတ Horizon International School
မှာရိုက်ကူး နေပါတယ်။ဒီကြော်ငြာလေးက ဇာတ်လမ်းပုံစံနဲ့
ရိုက်ကူးနေတာဖြစ်ကြောင်းကိုယွန်းဝတီလွင်မိုး က.. "ခေးက ကျောင်းသူတစ်ယောက် အနေနဲ့ ဝက်ခြံတွေပေါက်နေတာ၊ကောင်လေးတစ် ယောက်က ကိုယ့်ပုံကို အခန်းထဲမှာ ဆွဲတဲ့အချိန်မှာကြည့် လို့
မကောင်းဘူး။ ဒီဆေးကို သုံးတဲ့အတွက် ဝက်ခြံပျောက်သွားတယ်။ မျက်နှာရှင်းသွားတယ်။
အဲဒီလိုမျိုးရိုက်တာပါ။ ပြင်ဆင်ရ တာတော့ သိပ်မရှိပါဘူး။
မိတ်ကပ်ကလည်း Naturalပါပဲ"လို့ကြော်ငြာ ရိုက်ကူးဖို့ ပြင်
ဆင်မှုနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ သူရိုက်ခဲ့တဲ့ ကြော်ငြာတွေကိုလည်း
ပရိသတ်တွေ က အားပေးနှစ်သက်ကြပါတယ်။ အခုလိုပရိသတ်တွေရဲ့ အားပေးမှုကို
ရတာကြောင့် ကျေနပ်ပီတိ ဖြစ်ရကြောင်း ကိုလည်း
ယွန်းဝတီလွင်မိုးက.."ကြော်ငြာရိုက်ရတာက ဓာတ်ပုံရိုက်ရတာ ထက်ပိုပြီး ပင်ပန်းတယ်။ ဒီလောက် ပင်ပင်ပန်းပန်း နဲ့ ကြိုးစားပြီးရိုက်ထားတာတစ်ခုက အောင်မြင်သွားတယ်။ ပရိသတ်တွေ ကြည့်ရတာကျေနပ် တယ်ဆိုရင် တအားပျော်ပါတယ်" လို့ သူကပြောပါတယ်။
ကြော်ငြာတိုင်း ကတော့သူ့အတွက် အမှတ်တရတွေပဲဖြစ်ပြီး သူ့အနုပညာတွေကို အကြံဥာဏ်ပေးသူ ကတော့ ဖခင်ဖြစ်သူ ဝါရင့်သရုပ်ဆောင်လွင်မိုးပဲဖြစ် ကြောင်းပြောပြခဲ့ပါတယ်။ "ခေးရဲ့ အဖေက ခေးရဲ့အနု ပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်ပေးတယ်။ တစ်ခါတလေကျရင် လူကြီးတွေကလည်း အကြံ ဥာဏ်ပေးကြ တယ်။ အိုက်တင်၊ အမူအယာ၊လူမှု ဆက်ဆံရေး၊ ဒါရိုက်တာခိုင်းရင် ဘယ်လိုလုပ်ရ မယ်ကအစ သေးသေး မွှားမွှားတွေရော အများကြီးပဲ သင်ပေးပါတယ်"လို့ ပြောပါတယ်။ ပညာရေးအနေနဲ့ Yangon International
School မှာGrade-9 မှာသင်ကြားနေပြီးသူ့ရဲ့အနုပညာရည်မှန်းချက်နဲ့ပညာ ရေးရည် မှန်းချက်တွေကို မေးမြန်းတဲ့အခါမှာတော့ "အနုပညာဘက်မှာတော့ ကြော်ငြာလေးတွေ နည်း နည်းပါးပါး ရိုက်မယ်။ ဓာတ်ပုံ မော်ဒယ်လုပ်မယ်။ ဒီလောက်ပါပဲ။ ဒီ့ထက်ဆက်မသွားတော့ဘူး။ ဒီ့ထက်ပိုပြီးတော့ လျှော့သွားမယ်လို့ထင်ပါ တယ်။ ကျောင်းလည်းဖွင့်ပြီ။ ကျောင်းဖွင့်ရင်ကျောင်း ပျက်လို့မရဘူးဆိုတော့ အနုပညာအလုပ် တွေကလျှော့ သွားမှာပါ။
ပညာရေးက တော့ စီးပွားရေးနဲ့ပတ်သက်ပြီး လေ့လာချင်တယ်။ တက္ကသိုလ်ကောင်းကောင်း တစ်ခုရောက်ဖို့ လည်း ကြိုးစားမှာပါ။ နိုင်ငံခြားမှာပဲ ကျောင်းသွားတက်ဖို့များပါတယ်။ အမေရိက(သို့) သြစတြေးလျတစ် ခုခုပါပဲ" လို့ ပြောပါတယ်။ ဖခင်ဖြစ်သူက အောင် မြင်တဲ့ပြည်သူချစ် အနုပညာရှင်သရုပ်ဆောင်တစ်ဦးဖြစ် တာကြောင့်အားကျမိပေမယ့်လည်း သရုပ်ဆောင်လိုင်းဘက်ကိုသွားဖို့ အစီအစဉ်မရှိဘဲ သရုပ်ဆောင်ရတာ ကို ဝါသနာမပါကြောင်း ယွန်းဝတီလွင်မိုး က ပြောပါတယ်။
Popular Journal

No comments:
Post a Comment