Tuesday, 09 July 2013
နေတိုးကစင်ကာပူမှာ'နှင်းဆီခရီးသည်' မော်ဒန် အငြိမ့်ကိုသွားရောက်ဖျော်ဖြေခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့က ပြန်ရောက်ခဲ့ပါတယ်။ ခရီးစဉ်တစ် လျှောက်လုံး အဆင်ပြေခဲ့သလို ကိုယ်ပိုင်သီချင်းလေး တစ်ပုဒ် ဖျော်ဖြေ ခဲ့မှုအပေါ်ပရိသတ်တွေ အားပေး ကြတယ်လို့ပြောပြပါ တယ်။ဖျော်ဖြေပွဲနဲ့ပတ်သက် ပြီး "ကျွန်တော်တို့ ဇွန် ၃ဝ ရက်နေ့က စင်ကာပူမှာ ကတယ်။ ကျွန်တော်တို့ ပြက်လုံးတွေကိုလည်း သမားစဉ်ကနေ နည်းနည်းလေးခွဲ ထွက်ပြီး လုပ်တာများတော့ ကျွန်တော်တို့ရဲ့ ဒုက္ခက အငြိမ့်တစ်ခု လုပ်ပြီဆိုရင် ပြက်လုံးအသစ်တွေ လုပ်ရ တယ်။ အခု ကပြခဲ့ရတာကို ကျေနပ်တယ်။ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ပြက်လုံးလုပ်ရတာက တအားခက်တယ်လို့ ထင်တယ်။
ဒီမိုကရေစီခေတ်လည်းဖြစ် နေပြီ။ ခေတ်စနစ်ပြောင်းလဲနေတဲ့ အချိန်မှာ ပရိသတ်၊ ပြည်သူလူထုတွေရော အမှားနည်းအောင် တချို့ရိုင်း တာ လေးတွေကို ပယ်ပြီး မိသားစု ကြည့် နိုင်မယ့် ပြက်လုံးလေးတွေကိုပဲ လုပ် ဖြစ်တယ်။ ကျွန်တော် စင်ကာပူမှာ သီချင်း အသစ်တစ်ပုဒ်ဆိုခဲ့တာ မထင်မှတ်ပဲ ပရိသတ်တအားအားပေး တယ်။ ဒီသီချင်းက ကျွန်တော့် သီချင်း ခွေထဲမှာထည့်ထားတယ်။ ဒီသီချင်း ကို ဇာတ်ဝင်သီချင်းဝယ်က တည်းက ကြိုက်ခဲ့တာ။ ကျွန်တော့်အသံနဲ့လည်း လိုက်တယ် ပြောတော့ ကျွန်တော့် အခွေ အတွက်လည်း အားရှိတယ်။ သီချင်း နာမည်က 'Baby I Love You' ဆိုတဲ့သီချင်းလေးပါ။ ဒီလို ကျွန်တော့်ရဲ့ ဖန်တီးမှုကို နှစ်သက် ကြတဲ့အတွက် ပီတိဖြစ်ရတယ်။ ရှေ့ ဆက်ပြီးလုပ်ဖို့ အင်အားတွေဖြစ်ရ တာပေါ့"လို့ ပြောပြ
ပါတယ်။
ဖျော်ဖြေရေးကို နှင်းဆီ အဖွဲ့ သား ဖြစ်တဲ့ မိုးမိုးက မလိုက်ဖြစ်ဘဲ မင်းမော်ကွန်းက လိုက်ပါဖျော် ဖြေခဲ့တယ်လို့ ဆိုတာကြောင့်လည်း "မိုးမိုးက ခရီးလွန်နေတော့ ဦးမျိုးက ကျော်ကျော့်ကိုခေါ်လိုက်တာ။ကျွန်တော်တို့က 'ခရီးသွားနှင်းဆီ' ကို ကတာ မဟုတ်ဘူး။
အသစ်တစ်ခုကတာဖြစ်တဲ့အတွက် ဘာမှပြဿနာမရှိဘူး။ အဟောင်း ပြန်ကလည်း ကျော်ကျော် ဆိုတာက ကျွန်တော်တို့ထက် အနုပညာ အားဖြင့်ရော၊ သူပြက်လုံးတွေ ပြက်လာတဲ့ သက်တမ်းက 'ကတ္တီပါရင်ခွင်' ကတည်းက လူရွှင်တော်လုပ်လာတာဆိုတော့ကျွန်တော်တို့ ထက်အများကြီး အတွေ့အကြုံ ရှိတယ်။ အနု ပညာမျိုးရိုးလည်းရှိတဲ့ သူတစ်ယောက်ဆိုတော့ သူပါဝင်လာခြင်း အပေါ် ကြိုဆိုတယ်။ အားလုံးစုပေါင်း ပြီး လုပ်ကြတာပါပဲ" လို့ ပြောပြပါ တယ်။ နေတိုးက 'ကျန်စစ်မင်းကြီးကို တရားစွဲပေးပါ'ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ ဒေါနနဲ့ ရိုက်ကူးနေပါတယ်။
Popular Journal

No comments:
Post a Comment