Tuesday, 09 July 2013
ရုပ်ရှင် လောကသားတစ်ဦး ဖြစ်သည့် သရုပ်ဆောင် ရဲတိုက် ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး အနေဖြင့် မည်သို့ ဆောင် ရွက် ပေးသွားမည် ဆိုသည်ကို ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းထံ ဆက်သွယ် မေးမြန်းရာ "ပထမစိန့်မေရီ ကာသီဒြယ် ခရစ်ယာန်ကျောင်း မှာဖြစ်တဲ့ ပြဿနာတုန်းက အစည်း အရုံး က အဖွဲ့ဝင်တွေ သိသိချင်း သွားရောက် ဖြေရှင်းပေး ခဲ့ပါတယ်။ အခုကိစ္စကိုလည်း အစည်းအရုံး အနေနဲ့ ဥပဒေဘောင် အတွင်းက ကူညီလို့ရတာ ကူညီသွားမှာပါ။ တရား ဥပဒေ အထက်မှာ အစည်းအရုံးလည်း မရှိပါဘူး"ဟု ပြောပြခဲ့သည်။
သရုပ်ဆောင် ရဲတိုက်သည် ၂ဝ၁၃ခုနှစ် မေလ(၂၈) ရက်နေ့က ဗိုလ်တစ်ထောင် မြို့နယ်ရှိ စိန့်မေရီကာ သီဒြယ် ခရစ်ယာန်ကျောင်း အတွင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်း အတွက် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅/(က)ဖြင့် ဗိုလ်တထောင် တရားရုံးတွင် တရားစွဲ ဆိုခံရပြီး ယင်း အမှုအတွက် ပထမ ရုံးချိန်းကို ဇွန်၁ဝရက်၊ ဒုတိယ ရုံးချိန်းကို ဇွန်၂၁ ရက်နှင့် တတိယ ရုံးချိန်းကို ဇူလိုင် ၁ရက်နေ့ အထိ အမှု ရင်ဆိုင်နေ ရပြီး စတုတ္ထမြောက် ရုံးချိန်း ကို ဇူလိုင်(၁၁) ရက်နေ့၌ အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း သိရသည်။
Popular Journal

No comments:
Post a Comment