Tuesday, 09 July 2013
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် မိုးတွင်းကာလ ကမ္ဘာ လှည့်ခရီးသွားဝင်ရောက်မှုလျော့ကျသွား သည့်တိုင် အာရှခရီးသွား များနှင့် FIT ခရီးသွားများမှာ မူဝင်ရောက်နေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။
''ထိုင်းတွေ၊ဗီယက်နမ်တွေလာတယ်။ပြီးတော့ FIT တွေကတော့ လေကြောင်း၊ရေကြောင်း တွေနဲ့လာနေ တာပါပဲ။ကုမ္ပဏီတိုး နဲ့လာတဲ့ ဥရောပအဖွဲ့ကြီးတွေက တော့ မမြင်ရတော့ဘူး။''ဟု ညောင်ဦးဈေးတွင် အမှတ်တရ ပစ္စည်းရောင်းချသူတစ်ဦးပြောပါသည်။
ပုဂံဒေသသို့လာမည့်ခရီးသွားရာသီတွင်နိုင်ငံခြားသားဧည့်သည်အများအပြားလာရောက်မည်ဟု အများစု
မျှော်လင့်ထားသော်လည်း ဟိုတယ်ခန်းခအပါအဝင် အစစအရာရာ ဈေးနှုန်းမြင့်တက် နေမှုနှင့် ဝန်ဆောင်မှု ပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသော ကြောင့် မျှော်မှန်းသည့်အတိုင်း ဖြစ်မလာမည်ကို စိုးရိမ်နေသူ
များ လည်းရှိကြောင်းသိရသည်။
၂ဝ၁၂ ခုနှစ်တွင် ပုဂံဒေသသို့ကမ္ဘာလှည့် ခရီးသွားတစ်သိန်းခြောက်သောင်း ကျော်ဝင်ရောက်ခဲ့သည်။
Popular Myanmar News Journal

No comments:
Post a Comment