Tuesday, July 09, 2013

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုလေ့လာ သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပ


Tuesday, 09 July 2013

တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်များ ဖွဲစည်းပုံအခြေခံဥပဒေထဲပါဝင်နိုင်ရေးသည် မြန်မာနိုင်ငံ၏ဒီမို ကရေစီ အကူးအပြောင်းကို ပိုမို ခိုင်မာစေသည်ဟုရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေ
အတွင်းရေးမှုး ဦးဦးလှစော ကပြောသည်။


“ဒီမိုကရက်တစ်အကူးအပြောင်းမှာ ဖြစ်စဉ်မှာ တိုင်းရင်းသားတွေအရေးကိစ္စတွေဟာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်၊အခြေခံဥပဒေ လေ့လာသုံးသပ်တဲ့ ဆွေးနွေးပွဲဟာ တိုင်းရင်းသားတွေရဲ့အခန်း ဂဏ္ဍကို ဖေါ်ထုတ်တာလဲဖြစ်တယ်၊လွှတ်တော်ထဲမှာရှိတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း အထောက်အကူးဖြစ်မှာပါ” ဟု၎င်း ကပြောသည်။

တိုင်းရင်းသားအခွင့်အရေး ကာကွယစောင့်ရှေက်ရေးအတွက် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလေ့လာ သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကိုညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(၁၅ပါတီ)က နေပြည် တော်တွင်ပြုလုပ်ခြင်း၏ရည်ရွယ်ချက်ကို ၎င်း ကအထက်ပါအတိုင်းပြောကြားခဲ့သည်။

Popular Myanmar News Journal

No comments: