Wednesday, July 3, 2013
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်မှာရှိတဲ့ အာချေးပြည်နယ်က မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဗလီ ကျောင်းထဲမှာ ရှိနေခဲ့တဲ့ ကလေးငယ်တွေအတော်များများ သေဆုံးခဲ့ပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ မြေငလျင် လှုပ်ခတ်မှုဒဏ်ခံခဲ့ရတဲ့ အဆောက်အဦး တစ်ရာထဲမှာ အခုကလေးတွေ သေဆုံးမှုရှိတဲ့ ဗလီကျောင်းလည်း ပါဝင်ပါတယ်။ ဗလီကျောင်း ပြိုကျခဲ့တဲ့အတွက် ကလေးအယောက်
နှစ်ဆယ်လောက် ပိတ်မိခဲ့ပြီး အဲဒီထဲက ကလေးခြောက်ယောက်ကတော့ သေဆုံးခဲ့ပါတယ်။
အခုလှုပ်ခတ်ခဲ့တဲ့မြေငလျင်ရဲ့ ပြင်းအားဟာ ၆.၁ ရေတာစကေးလောက်ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အမျိုး သားကပ်ဘေးဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ရဲ့အဆိုအရ ငလျင်ကြောင့် လူပေါင်း တစ်ရာ့ငါးဆယ် လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်ခြေ သုံးရာငါးဆယ်လောက် ပျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၄ခုနှစ်က ဆူမားတြားကျွန်း အာချေးပြည်နယ်မှာ ပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် လူပေါင်း တစ်သိန်းခုနှစ်သောင်းလောက် သေဆုံးခဲ့ပါတယ်။
ABC Radio Australia
No comments:
Post a Comment