Wednesday, July 3, 2013
အီဂျစ်နိုင်ငံ စစ်တပ်က အီဂျစ်နိုင်ငံရဲ့ ပါလီမာန်ကို ဖျက်သိမ်းဖို့နဲ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့ စီစဉ်နေတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
မငြိမ်မသက်မှုတွေကို ၂၄ နာရီအတွင်း မဖြေရှင်းနိုင်ရင် စစ်တပ်က ဝင်ရောက်စွက်ဖက်မှုလုပ်မှာဖြစ်ပြီး စစ်တပ်ကနေ ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံအတိုင်း လုပ်ဆောင်သွားမယ်လို့ အီဂျစ်စစ်တပ်က သတိပေးပြောကြားခဲ့ပါတယ်။
ဒီလိုအခြေအနေကြောင့် အီဂျစ်သမ္မတ မိုဟာမက် မော်ဆီက အီဂျစ်စစ်တပ်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေး နွေးမှုလုပ်နေပါတယ်။
အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ မငြိမ်မသက်မှုတွေကြောင့် အီဂျစ်နိုင်ငံဝန်ကြီးတချို့ ရာထူးကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
ခုလောလောဆယ် Tahrir ရင်ပြင်မှာ ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးဟာ အာဏာရှင် ဟော်စနီမူဘာရက် ရာထူးကဆင်းပေးဖို့ တောင်းဆိုကြတဲ့ လူအုပ်ထက်တောင် လူဦးရေပိုများပြားကြောင်း သိရပါတယ်။
လက်ရှိအီဂျစ်သမ္မတကို ထောက်ခံတဲ့ Muslim Brotherhood ပါတီကတော့ အီဂျစ်စစ်တပ်အနေနဲ့ အခြေအနေကို ငြိမ်သက်စေလိုတဲ့အတွက် ခုလို ပြောတာကို လက်ခံနိုင်ပေမယ့် စစ်တပ်က ဥပဒေ
အထက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအထက် ရှိတဲ့ ပုံစံမျိုးနဲ့ ရာဇာသံပေးပြီးပြောသွားတာကိုတော့ လက်မခံ
နိုင်ဘူးလို့ ပြောနေပါတယ်။
အီဂျစ်နိုင်ငံမှာ မငြိမ်မသက်မှုတွေ ဖြစ်နေတဲ့အတွက် မလိုအပ်ရင် အီဂျစ်နိုင်ငံကို မသွားရောက်ကြဖို့ သြစတြေးလျအစိုးရက သြစတြေးလျနိုင်ငံသားတွေကို သတိပေးတိုက်တွန်းထားပါတယ်။
ABC Radio Australia
No comments:
Post a Comment