Wednesday, July 03, 2013

"ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမည်သူ့ကိုမဆိုညှိနှိုင်း ဆွေးနွေးရန်တံခါးဖွင့်ထားဟု ဒေါ်အောင်ဆန်းစုကြည်ဆို"


Wednesday, July 3, 2013

ဖက်ဒရယ်ပြည်ထောင်စု ပူးပေါင်း တည်ဆောက်ရန်အတွက် မည်သည့် တိုင်းရင်းသားနှင့် ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကိုမဆို ညှိနှိုင်းဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း ဒေါ်အောင်ဆန်း စုကြည်ကဆိုသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဋ္ဌဒုတိယဗိုလ် ချုပ်ကြီး ယွက်စစ်ရန်ကုန်မြို့သို့ရောက် ရှိပြီး ဇွန်လ ၁၅ ရက်က ၎င်းနှင့်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယခု လိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း
ဇွန်လ ၂၉ ရက်က ထုတ်ပြန်ခဲ့သော RCSS ၏ ကြေညာချက်တွင် ဖော်ပြထားခဲ့ခြင်း ဖြစ်သည်။


အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံစဉ် မေးခွန်း သုံးခုမေး မြန်းခဲ့ပြီး ယင်းအပေါ် ဒေါ်အောင် ဆန်းစုကြည်၏ ပြန်လည်ဖြေကြားချက်များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် တိုင်း ရင်းသားများနှင့် မည်သို့ပူးပေါင်းဆောင် ရွက်ရန်ရှိသနည်း၊တိုင်းပြည် အတွင်း ဒီ မိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ဆောင်ရွက်ရန် ရှိသနည်း၊ တိုင်းပြည်ပြောင်းလဲ နိုင်ရန်အတွက် စတင်ဆောင်ရွက်ရမည့်အရာက အဘယ်နည်းစသည့် မေးခွန်းသုံးခု အားမေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကသူ သည်လည်းတိုင်းရင်းသားတစ်ဦးဖြစ် ခြင်းကြောင့် ဖက်ဒရယ်ပြည်ထောင်စု
အတွက် မည်သည့်တိုင်းရင်းသား ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နှင့်မဆို ပူးပေါင်း တည်ဆောက်ရန် အမြဲတံခါး ဖွင့်ထားကြောင်း၊ တိုင်းပြည်၏အုပ်ချုပ်မှု စနစ် အား ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်သည် အာဏာရရှိ ထားသော ခေါင်းဆောင်များအပေါ် များစွာ မူတည် ကြောင်း၊ ယင်းတို့က ပြုပြင်ပြောင်းလဲလိုလျှင် အချိန်တို အတွင်း အောင်မြင်မည် ဖြစ်ကြောင်း ဒီမိုကရေစီရှင်သန်ကြီးထွားရန်အတွက် ကျောင်းများနှင့် အရွယ်ရောက် သူများပါ ပညာပေးသင်ကြားမှု လုပ်ငန်းများလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု
ကြေညာချက်တွင် ဖော်ပြထားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ခေါင်းဆောင်သော ၂၄ ဦးပါ RCSS အဖွဲ့သည် ဇွန်လ ၁ဝ ရက်မှစတင်ပြီး၂၃ ရက်အထိ နှစ်ပတ်ကြာ နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ တောင်ကြီး အစရှိသော ဒေသများသို့ သွားရောက် ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ဇွန်လ ၂၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်၌ ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံစဉ်က ဆွေးနွေးချက်များအား ဖော်ပြထားခဲ့ခြင်းဖြစ် သည်။

ဥာဏ်လင်းအောင်
Popular Myanmar News Journal

No comments: