Thursday, 04 July 2013
အီဂျစ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ နိုင်ငံသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအဖြစ်ပေါ်ပေါက် ခဲ့ပြီးနောက် သမ္မတမော်စီအား ၄၈ နာရီအတွင်း နိုင်ငံရေးအဖြေရှာရန်
(သို့မဟုတ်) ရာထူးမှနုတ်ထွက် ပေးရန် အီဂျစ်စစ်တပ်က ရာဇသံပေးခဲ့သည်။
သို့သော် စစ်တပ်၏ ရာဇသံကို သမ္မတမော်စီက လိုက်နာခြင်းမရှိဘဲ ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထိုနောက် စစ်တပ်၏ ရာဇသံအချိန် ကုန်ဆုံးကျော်လွန်သည့် ယနေ့ (ဇူလိုင်လ ၃ ရက်၊ ဗုဒ္ဓဟူး) တွင် အီဂျစ်စစ်တပ်က အာဏသိမ်းမှု စတင်လိုက်သည်။
သမ္မတမော်စီကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားလိုက်ပြီး ကိုင်ရိုတွင် တင့်ကားနှင့် စစ်သားအများအပြား နေရာယူထားလိုက်သည်။ သမ္မတမော်စီ ရုံးထိုင်ရာနေရာကို စစ်တပ်က တားဆီးပိတ်ဆို့မှုများပြုလုပ်လိုက်ပြီး ဆန္ဒပြသူများ စုရုံးလျက်ရှိသည့် နေရာများတွင် ကွန်မန်ဒိုတပ်သားများကို ချထားကြောင်း သိရသည်။

ထို့အပြင်
စစ်တပ်ရဟတ်ယာဉ်များကလည်း ကိုင်ရိုမြို့ ကောင်းကင်ယံတွင် ပျံဝဲစောင့်ကြပ်လျက်ရှိသည်။
အီဂျစ်စစ်တပ်က အာဏာသိမ်းမှု ဆက်လက် ဆောင်ရွက်နေပြီး မကြာမီ တရားဝင်ထုတ်ပြန်ကြေညာမည်ဟု သိရသည်။ သမ္မတမော်စီနှင့် အဆက်အသွယ်အားလုံးကိုဖြတ်တောက်လိုက်ပြီဖြစ်ပြီး သမ္မတမော်စီ မည် သည့် နေရာတွင် ရောက်ရှိနေသည်ကို မသိရှိရကြောင်း မွတ်ဆလင်မ်ညီအစ်ကိုတော်များ အဖွဲ့က ပြော ကြားသည်။
အီဂျစ်တွင် ဖြစ်ပွားခဲ့သည် ဆန္ဒပြအဓိကရုဏ်းများအတွင်း လူ ၂၃ ဦးသေဆုံးခဲ့သည်။ အီဂျစ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုနှင့် နောက်ဆက်တွဲ စစ်တပ် အာဏာသိမ်းမှု အခြေအနေတို့အား RT News ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို http://rt.com/on-air/ opposition-rally-egypt-mors i/ တွင် ကြည့်ရှုနိုင်ပါသည်။
Planet Myanmar Network
အီဂျစ်စစ်တပ်က အာဏာသိမ်းမှု ဆက်လက် ဆောင်ရွက်နေပြီး မကြာမီ တရားဝင်ထုတ်ပြန်ကြေညာမည်ဟု သိရသည်။ သမ္မတမော်စီနှင့် အဆက်အသွယ်အားလုံးကိုဖြတ်တောက်လိုက်ပြီဖြစ်ပြီး သမ္မတမော်စီ မည် သည့် နေရာတွင် ရောက်ရှိနေသည်ကို မသိရှိရကြောင်း မွတ်ဆလင်မ်ညီအစ်ကိုတော်များ
အီဂျစ်တွင် ဖြစ်ပွားခဲ့သည် ဆန္ဒပြအဓိကရုဏ်းများအတွင်း လူ ၂၃ ဦးသေဆုံးခဲ့သည်။ အီဂျစ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုနှင့် နောက်ဆက်တွဲ စစ်တပ် အာဏာသိမ်းမှု အခြေအနေတို့အား RT News ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို http://rt.com/on-air/
Planet Myanmar Network

No comments:
Post a Comment