Tuesday, July 23, 2013

လစဉ် ခိုလှုံသူအယောက် ၃၀၀၀ ဝင်လာတဲ့အတွက်မူဝါဒသစ်ချမှတ်ရတာလို့ ပြော


Tuesday, 23 July 2013

သြစတြေးလျ နိုင်ငံက လှေတွေနဲ့ ရောက်လာတဲ့ခိုလှုံခွင့်တောင်းလိုသူတွေကို လုံးဝလက်မခံတော့ဘဲ ပါပူ ဝါနယူးဂနီ PNG နိုင်ငံကို ပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချရတာဟာ လစဉ် ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလို သူတွေ အယောက် ၃၀၀၀ နှုန်းအထိ တိုးလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr က ပြောပြပါတယ်။

လူမှောင်ခိုကူးသူတွေ ​အဖို့ ​ဝင်ငွေ ​ကောင်းလွန်းတဲ့အတွက် ​ခိုလှုံခွင့်တောင်းလိုသူတွေ ​ပိုပိုပြီး ​တိုးလာနေတဲ့ ​အတွက်ကြောင့် ​အခုလို ​မူဝါဒ ​မချမနေချလိုက်ရတာ​ဖြစ်တယ်လို့ ​ဆိုပါတယ်။


ဒီလို ​ထူးခြားတဲ့ ​မူဝါဒချမှတ်မှုကို ​ပြည်တွင်း ​အတိုက်အခံပါတီတွေက ရွေးကောက်ပွဲမတိုင်မှီ ​အနိုင်ရဖို့ ​အတွက် ​ဆောင်ရွက်တဲ့ခြေလှမ်းဖြစ်တယ်လို့လဲ ​စွပ်စွဲထားပါတယ်။

GREEN ​ပါတီ ​အဖွဲ့ကတော့ ​ဒီမူဝါဒကို ​အင်မတန် ​ရက်စက်တဲ့ ​မူဝါဒ ​ဖြစ်တယ်လို့ ​ထွက်ဆိုခဲ့ပါတယ်။

PNG ဝန်ကြီးချုပ် Peter O'Neill ကတော့ အခုလုပ်ဆောင်တဲ့ အစီအစဉ်ဟာ ယခင် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ဟောင်း John Howard ဦးဆောင်တဲ့ အစိုးရ လက်ထက်ကတည်းက တည်ရှိနေတဲ့ သဘော တူညီချက်ကို တိုးချဲ့ အကောင်အထည်ဖေါ်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည် ​အဖြစ်စီစစ်တွေ့ ​ရှိသူတွေကို ​PNG ​နိုင်ငံမှာ ​အမြဲတမ်း ​နေထိုင်ခွင့်ပြုတာဟာ ​PNG ​နိုင်ငံအတွက် ​အကျိုး ​ဖြစ်ထွန်းမယ်လို့လဲ ​ဆိုပါတယ်။

ပြည်သူတွေကိုလဲ ​အခုလို ​သဘောတူညီချက်ဟာ ​PNG ​နိုင်ငံအတွက် ​အကျိုးရှိတဲ့အကြောင်း၊ ​နိုင်ငံတွင်းမှာ ​ဟိုင်းဝေးလမ်းမ ​ကွန်ယက်ကြီးတွေ ​တည်ဆောင်နိုင်မှာ ​ဖြစ်တဲ့အကြောင်းနဲ့ ​ဆေး ​ရုံတွေ ​ကျောင်းတွေလဲ ​တိုးချဲ့ ​ဆောက်လုပ်နိုင်မှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

PNG ​နိုင်ငံမှာ ​အရင်က ​တရုတ်နိုင်ငံက ​ဝင်ရောက်စီးပွါးရေး ​တည်ထောင်တာတွေလုပ်ခဲ့တဲ့အတွက် ​ပြင်ပ က လူတွေကနေ ​စီးပွါးလာ ​ရှာသူတွေကို ​ဒေသခံတွေက ​မနာလိုတဲ့အတွက် ​ရိုက်ပွဲတွေ ​ဖြစ်ခဲ့ပြီး ​အခုလို
ပြည်ပကလူသစ်တွေ ​လာရောက်အခြေချနေထိုင်မှာနဲ့ပတ်သက်ပြီး ​စီးပွါးရှင်တွေက ​စိုးရိမ်မကင်းဖြစ်နေ ပါတယ်။

PNG ​နိုင်ငံ ​အတိုက်အခံပါတီကတော့ ​ခိုလှုံခွင့်တောင်းလိုသူတွေကို ​နိုင်ငံတွင်း ​လက်ခံမယ့်ကိစ္စနဲ့ ​ပတ်သက် ပြီး ​တရားရုံးမှာ ​အမှုရင်ဆိုင်မယ်လို့ ​ပြောလိုက်ပါတယ်။

မူဝါဒသစ်ကြေငြာပြီး ​နောက် ​စနေနေ့က ​ပထမဦးဆုံး ​လှေနဲ့ ​ရောက်လာတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​၈၁ဦးအဖို့ ​မူဝါဒသစ် ​အကြုံးဝင်ခဲ့တဲ့အတွက်၊ ​လူမှောင်ခိုကူးသူတွေကို ​သြစတြေးလျ ​နိုင်ငံမှာ ​အခြေချနေထိုင်ရေး အတွက်ငွေကြေး ​အကုန်အကျခံရသူတွေအဖို့ ​အကျိုးဆုတ်ယုတ်ခဲ့ပါတယ်။

လှေထဲမှာ ​ပါလာသူ ​အားလုံးဟာလဲ ​အီရန်နိုင်ငံက ​ဖြစ်ကြတယ်လို့ ​လူဝင်မှု ​ကြီး ​ကြပ်ရေးဝန်ကြီး ​Tony ​Burke ​က ​ပြောပြပါတယ်။

သြစတြေးလျ ​နိုင်ငံက ​အထွေထွေရွေးကောက်ပွဲကို ​နိုဝင်ဘာလ ​မကုန်ခင်နောက်ဆုံးထားပြီး ​ပြုလုပ်ရမှာဖြစ် ပေမယ့် ​ခုချိန်ထိ ဘယ်နေ့မှာ ​ရွေးကောက်ပွဲ ​ကျင်းပမလဲဆိုတာကိုတော့ ​ကြေညာခြင်း​မရှိသေးပါဘူး။

ABC Australia Radio

No comments: