Tuesday, July 23, 2013

တရုတ်ငလျင်ကြောင့် လူ ၈၉ သေ၊ ၆၀၀ ကျော်ဒဏ်ရာရ


Tuesday, 23 July 2013

တရုတ်နိုင်ငံ ​အနောက်မြောက်ပိုင်းရှိ ​Gansu ​ပြည်နယ်မှာ ​ပြင်းအားမြှင့်မြေငလျင် ​နှစ်ခု ​လှုပ်ခတ်ခဲ့ရာက ​အနည်းဆုံး ​လူပေါင်း ​၈၉ ​ယောက်သေဆုံးပြီး ​၆၀၀ ​ကျော် ​ဒဏ်ရာရရှိခဲ့ပါတယ်။

ပထမအကြိမ်လှုပ်ခတ်ခဲ့တဲ့ ​မြေငလျင်က ​magnitude ​၆ ​ပြင်းအားရှိပြီး ​နောက်တစ်နာရီအကြာမှာ ​ပြင်းအား ​၅.၆ ​ရှိတဲ့ ​မြေငလျင် ​ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။


အဲဒီနောက်ပိုင်းမှာတော့ ​နောက်ဆက်တွဲမြေငလျင် ​အကြိမ် ​၄၀၀ ​နီးပါး ​လှုပ်ခတ်ခဲ့တယ်လို့ ​Gansu ​ပြည် နယ် ​မြေငလျင်တိုင်းထွာရေး ​အာဏာပိုင်တွေက ​ပြောပါတယ်။

Gansu ​ပြည်နယ်က ​မြို့နယ် ​၇ ​ခုမှာ ​မြေငလျင်လှုပ်ခတ်မှုကြောင့် ​ပျက်စီးတဲ့ဒဏ်ကို ​ခံနေရတာ ​ဖြစ်ပြီး ​ငလျင်လှုပ်ခတ်ခဲ့တာကိုတော့ ​တခြားပြည်နယ်တွေအထိ ​ခံစားခဲ့ရတယ်လို့ ​သိရပါတယ်။

မြေငလျင်ကြောင့် ​အဆောက်အဦးအလုံးပေါင်း ​နှစ်သောင်းကျော် ​ပျက်စီးခဲ့ရတယ်လို့သိရပြီး ​လူပေါင်း ​၁၄ ​ယောက် ​ပျောက်ဆုံးနေကြောင်းလည်း ​သိရပါတယ်။

မြေငလျင်ဒုက္ခသည်တွေကို ​ကူညီဖို့အတွက် ​တရုတ်စစ်သား ​အယောက်ပေါင်း ​၅၀၀ ​နဲ့ ​ကူညီကယ်ဆယ်ရေး သမား ​အယောက် ​၁၀၀ ​ကျော်ကို ​ပို့ဆောင်ထားတယ်လို့လည်း ​သိရပါတယ်။

ABC

No comments: