Tuesday, 23 July 2013
အိန္ဒိယ နိုင်ငံမှာ အဆိပ်ပြင်းတဲ့ ကျောင်းနေ့လည်စာ စားပြီး ကလေးပေါင်း ၂၃ ဦး သေဆုံးမှုဖြစ်ပေါ်ပြီးနောက် ပြစ်မှုမကင်း ဖြစ်ပြီး ပုန်းရှောင်နေတဲ့ကျောင်းအုပ်ကြီးကို အိန္ဒိယအာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ထား တယ်လို့ သိရပါတယ်။
ကလေးတွေကို ကျွေးတဲ့ နေ့လည်စာထဲမှာ အဆိပ်ပြင်းတဲ့ ပိုးသတ်ဆေး ပါဝင်တာကို စုံစမ်းတွေ့ ရှိခဲ့ပါတယ်။
အနံ့ဆိုးတဲ့ စားသုံးဆီကို ထမင်းချက်က အနံ့မကောင်းတဲ့အတွက် မသုံးဘူးလို့ပြောခဲ့ပေမဲ့ ကျောင်းအုပ်ကြီး Meena Devi က အတင်းအဓမ္မသုံးခိုင်းတဲ့အတွက် ထမင်းချက်က သုံးခဲ့တဲ့ပုံ ပေါ်တယ်လို့ အာဏာပိုင်တွေ က ဆိုပါတယ်။
သေဆုံးတဲ့ အထဲမှာ ထမင်းချက်လဲ ပါဝင်ပြီး ကျောင်းအုပ်ကြီးကတော့ ထွက်ပြေး ပုန်းအောင်းနေဆဲဖြစ်တယ် လို့ ဆိုပါတယ်။
အခုလို အဆိပ်ပြင်းတဲ့ monocrotophos ပိုးသတ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အိန္ဒိယနိုင်ငံမှာ သုံးခွင့် ပိတ်ပင်ဖို့ တိုက်တွန်းခဲ့တဲ့နည်းတူ သြစတြေးလျ နိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ အဲဒီဆေးကို သုံးစွဲ ခွင့်ပိတ်ပင်ထားပါတယ်။
ABC Australia Radio
No comments:
Post a Comment